DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလှည့်ခရီးသွားများ မြန်မာ-ထိုင်း နယ်စပ်ဂိတ် ၃ ခုမှ e-Visa စနစ်ဖြင့်ဝင်ခွင့်ရပြီ
DVB
·
September 1, 2016
ကမ္ဘာလှည့်ခရီးသွားများ မြန်မာ-ထိုင်း နယ်စပ်ဂိတ် ၃ ခုမှ e-Visa စနစ်ဖြင့်ဝင်ခွင့်ရပြီ
Donate to DVB

နိုင်ငံခြားသားတွေကို အွန်လိုင်းစနစ် e-Visa နဲ့ မြန်မာ-ထိုင်း နယ်စပ်ဂိတ် ၃ ခုကနေ စက်တင်ဘာ ၁ ရက်နေ့ကစတင် ၀င်ခွင့်ပြုလိုက်ပြီလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ကြေညာပါတယ်။

ဒီဂိတ်တွေကတော့ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း တို့ဖြစ်ပြီး မြန်မာနိုင်ငံပြည်တွင်းကနေ ထိုင်းနိုင်ငံကို ဖြတ်ကျော်တဲ့ ဂိတ်တွေဖြစ်ပြီး ကမ္ဘာလှည့်ဗီဇာ၊ လုပ်ငန်းဗီဇာ တို့ကို e-Visa စနစ်နဲ့ အွန်လိုင်းကနေ ဗီဇာလျှောက်ထားသူတွေကို ၀င်ခွင့်ပြုလိုက်တာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင် နယ်စပ်ဂိတ်တွေကို e-Visa စနစ်နဲ့ အွန်လိုင်းကနေ ဗီဇာလျှောက်လွှာကို ပထမဆုံး ၀င်ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကို e–Visa စနစ်နဲ့လျှောက်ထားတာကို ၂၁၀၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ခွင့်ပြုခဲ့တာပါ။

လက်ရှိမှာတော့ ကမ္ဘာလှည့်ဗီဇာနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ကို အွန်လိုင်းကနေ e–Visa စနစ်နဲ့ လည်ပတ်ခွင့်လျှောက်ထားနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းဗီဇာကိုတော့ နိုင်ငံပေါင်း ၅၀ ကျော်က အွန်လိုင်းကနေ ဗီဇာလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013