
ဘရာဇီးလ် ဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုဟာ တနင်္ဂနွေနေ့မှာ ကစားမဲ့ အီတလီ တတိယတန်း (Serie C) ပွဲစဉ်ဖြစ်တဲ့ ဒေသခံပြိုင်ဘက် ဖော်လီနဲ့ပွဲမှာ ရာဗင်နာအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ အေစီမီလန် ကစားသမားဟောင်း အသက် ၄၆ နှစ်အရွယ် ရော်နယ်ဒင်ဟိုဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ရာဗင်နာအသင်းကို ရင်းနှီးမြှုပ်နှံသူတယောက်အဖြစ် စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကစားသမားဘဝ သွင်းဂိုး ၃၀၀ ပြည့်ဖို့ နောက်ဆုံးတဂိုး သွင်းယူချင်တဲ့ ရည်မှန်းချက် ရှိနေတာပါ။
သူ့ရဲ့ နောက်ဆုံး ပြိုင်ပွဲဝင်ကစားခဲ့မှုကတော့ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဘရာဇီးလ်ကလပ် ဖလူမီနန်ဆီအသင်းမှာ ဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုဟာ ပွဲထွက်လူစာရင်းမှာ တိုက်စစ်မှူး ၃ ယောက်ထဲက တယောက်အဖြစ် သေချာပေါက် ပါဝင်လာမယ်လို့ ရာဗင်နာအသင်းနည်းပြက အတည်ပြုပြောကြားထားပါတယ်။ Photo:Reuters











