
တရုတ်ဝန်ကြီးချုပ် လီချန်ဟာ ဇူလိုင် ၁၁ ရက်က ပေကျင်းမြို့တော်မှာ မြောက်ကိုရီးယား အစိုးရအဖွဲ့ (DPRK) ရဲ့ ဝန်ကြီးချုပ် ပတ်ထေဆောင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ အနာဂတ်မျှဝေခြင်းနဲ့ အပြန်အလှန် အထောက်အပံ့ရှိတဲ့ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းတွေဆိုတာ လီချန်က ထောက်ပြခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဗဟိုကော်မတီက တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို ထိန်းသိမ်းရင်း ခိုင်မာအောင်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ CPC နဲ့ တရုတ်အစိုးရရဲ့ ယိမ်းယိုင်ခြင်းမရှိတဲ့ မူဝါဒကို အမြဲကျင့်သုံးခဲ့တယ်လို့ ကွန်မြူနစ်ပါတီ၊ နိုင်ငံရေးဗျူရိုရဲ့ အမြဲတမ်းကော်မတီဝင်လည်း ဖြစ်တဲ့ လီချန်က ပြောပါတယ်။
နိုင်ငံတကာရှုခင်းက နက်ရှိုင်းပြီး ရှုပ်ထွေးတဲ့ အပြောင်းအလဲတွေ ဖြစ်နေချိန်မှာ ဆိုရှယ်လစ်နိုင်ငံ ၂ ခုဖြစ်တဲ့ တရုတ်နဲ့ DPRK တို့ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေအပြင် နိုင်ငံတကာ တရားမျှတမှုကို ပူးတွဲကာကွယ်သင့်တယ်လို့ လီက မှတ်ချက်ပြုပါတယ်။
ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုရဲ့ ဥက္ကဋ္ဌအဖွဲ့ဝင်လည်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတော်ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ပက်ခ်က မြောက်ကိုရီးယားဟာ အဓိက အကျိုးစီးပွားတွေကို ကာကွယ်ရာမှာ တရုတ်နိုင်ငံကို ခိုင်ခိုင်မာမာ ထောက်ခံတယ်လို့ ပြောပါတယ်။
ပါတီ၂ ခုနဲ့ ၂ နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ ဘုံနားလည်မှုကို လိုက်နာဖို့ တရုတ်နိုင်ငံနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အဆင့်မြင့်ဖလှယ်မှုတွေနဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို အရှိန်မြှင့်တင်ဖို့၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ပြည်သူအချင်းချင်းနဲ့ ယဉ်ကျေးမှုကဏ္ဍတွေ အပါအဝင် ကဏ္ဍတွေမှာ ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့နဲ့ ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲမြှင့်တင်ဖို့ အခွင့်အရေးတခုအဖြစ် စာချုပ်လက်မှတ်ရေးထိုးခြင်း ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှုမြင်တယ်လို့ ပတ်ခ်က ထပ်ပြောပါတယ်။
Source: Reuters










