
ပရီးမီးယားလိဂ်ကလပ်၊ အက်စတွန်ဗီလာအသင်းကို လက်ခံနိုင်စရာမရှိတဲ့ စော်ကားမှုတွေ လုပ်ခဲ့ တယ်ဆိုပြီး ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီကာရေဂါကို တရားရေးအရ အရေးယူသွားမယ်လို့ အသင်းဥက္ကဋ္ဌ နာဆစ်ဖ် ဆာဝီရစ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကာရေဂါက ပေါ့ဒ်ကတ်စ်အစီအစဉ်တခုမှာ ဗီလာနည်းပြ အူနိုင်းအမ်မရီအနေနဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ကိုင်တွယ်ချင်လိမ့်မယ်လို့ သုံးသပ်ခဲ့တဲ့အပြင် အက်စတွန်ဗီလာဟာ ဘယ်တော့မှ မန်ယူလိုအသင်းမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ ပရိသတ်တွေကို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန် ပြောဆိုခဲ့တာပါ။
အင်္ဂလန်နဲ့ ဥရောပဘောလုံးလောကမှာ အသင်းရဲ့ တိုးတက်အောင်မြင်မှုတွေကို ဘယ်သူကမှ တားဆီးတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဗီလာဘက်က ဆိုပါတယ်။
ကာရေဂါကတော့ သူ့အနေနဲ့ အခုပြောဆိုမှုတွေဟာ ပရိသတ်တွေနဲ့ အပြန်အလှန် နောက်ပြောင် ခဲ့တာသာဖြစ်ပြီး နည်းပြအမ်မရီနဲ့ အက်စတွန်ဗီလာအသင်းရဲ့ အောင်မြင်မှုတွေကို အမြဲချီးကျူးခဲ့သူ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ပြန်လည်ဖြေရှင်းထားပါတယ်။
Photo: Reuters











