DVB Logo
Home
မြန်မာသတင်း
မြန်မာငြိမ်းချမ်းရေးစင်တာ ဆက်လက်ရပ်တည်ရေး အစိုးရသစ်အပေါ်မူတည်နေ
DVB
·
March 23, 2016
မြန်မာငြိမ်းချမ်းရေးစင်တာ ဆက်လက်ရပ်တည်ရေး အစိုးရသစ်အပေါ်မူတည်နေ
1 / 2
Donate to DVB

မြန်မာငြိမ်းချမ်းရေးစင်တာကို အီးယူ-ဥရောပသမဂ္ဂကပေးနေတဲ့ ငွေကြေးထောက်ပံ့မှုတွေ မတ်လ ၃၁ ရပ်နေ့ကစပြီး ရပ်ဆိုင်းပါတော့မယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၀န်ထမ်း ၁၀၀ ကျော်လောက်ရှိပြီး ဒီလကုန် မတ် ၃၁ ရက်နေ့အထိ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာတော့ ထွက်ခွာ သွားကြရမှာဖြစ်တယ်လို့လည်း ဦးညိုအုန်းမြင့်က ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာကတော့ ရပ်နားရမယ့် သဘောရှိပြီး ဆက်လည်ရှင်သန်ရေး မရှင်သန်ရေးကတော့ အစိုးရသစ်အပေါ်မူတည်နေပါတယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ ကြားသမျှ၊ နောက် ဒီမှာရှိနေတဲ့ အမ်ပီစီ ဥက္ကဋ္ဌနဲ့ ဒီကလူကြီးတွေ တွေ့တဲ့အခါမှာလည်း အမ်းပီစီ ဆက်ရှိဖို့ အတွက်ကတော့ တိုက်တွန်းတယ်။ ဒါပေမယ့်လည်း ဒီဟာကြီးကို ဆက်ပြီးတော့ လည်ပတ်ဖို့ဆိုတာက ၀န်ထမ်းတွေလည်းရှိသေးတယ်လေ။ နောက် အဲဒီဝန်ထမ်းကနေပြီးတော့ အထောက်အထားတွေ၊ ဆောင်ရွက်တဲ့သူတွေအားလုံး ဆက်ထိန်းသိမ်းနိုင်ဖို့အတွက်ကတော့ နောက်အစိုးရသစ်လက်ထဲကျမှ စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်။ ”

မြန်မာငြိမ်းချမ်းရေစင်တာ မရှိတော့ရင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်လက်ထောက်ပံ့ ပေးဖို့ ၀န်ကြီးဦးအောင်မင်းက အစိုးရတာဝန်ပြီးဆုံးပါက Peace and Development Foundation ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်ဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။

“ဦးအောင်မင်းဖွဲ့ထားတဲ့အဖွဲ့ကလည်း အဓိက လူကြီးတွေနဲ့ ဖွဲ့ထားတယ်။ ကျနော်တို့ကတော့ သူရဲ့ရုံးအဖွဲ့ အနေနဲ့ ဆက်ပြီးတော့ ပံ့ပိုးပေးရမှာပါ။ ဦးအောင်မင်းရဲ့ ဖောင်ဒေးရှင်းက သူကိုယ်တိုင်တိတိကျကျမဆုံးဖြတ်ရသေးဘူး။ ဖောင်ဒေးရှင်းတော့ ဖွဲ့ထားတယ်။ သူကိုယ်တိုင်ကလည်း ဒီတိုင်းရင်းသားတွေရော၊ ကျန်တဲ့ တပ်မတော်အစိုးရအဖွဲ့ကိုရော သူ့အနေနဲ့ ဒီထဲမှာ ဒီလိုပါပဲ။ ကျနော်တို့ဖက်ကတော့ အန်ဂျီအိုဆန်ဆန်လုပ်ပေးရမှာပေါ့ ”

မြန်မာငြိမ်းချမ်းရေးစင်တာ မရှိတော့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်လက်ကူညီနိုင်ဖို့ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ အစိုးရ၀န်ကြီးတွေက Peace and Development Foundation ဖွဲ့စည်းထားသလို ဒီအဖွဲ့ကိုကူညီဖို့ ဦးလှမောင်ရွေ၊ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်တို့ ပါတဲ့ Central for peace recociliation ဆိုပြတဲ့ အစိုး ရမဟုတ်တဲ့ အဖွဲကို ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့အသစ်အတွက် အလှူရှင်တွေ ရှာနေတုန်းဖြစ်ပြီး ရလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013