DVB Logo
Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်သူများကို ပြန်ပို့ရေးလုပ်ငန်းစဉ် မြန်ဆန်စေရန် EU ကြိုးပမ်း
DVB
·
September 27, 2026
Photo: REUTERS/Jon Nazca
Photo: REUTERS/Jon Nazca
Donate to DVB

ဥရောပသမဂ္ဂ (EU)အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်ထဲရေးဝန်ကြီးတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ မြန်ဆန်စေဖို့ မူရင်းနိုင်ငံတွေကို ဖိအားပေးရေး ကြိုးပမ်းနေပါတယ်။ 

ဇူလိုင်လအတွင်း စပိန်နိုင်ငံပိုင် မြောက်အာဖရိကနယ်မြေဖြစ်တဲ့ ဆေယူတာမြို့ဆီ လူအများအပြား ဝင်လာတဲ့ ဖြစ်ရပ်လိုမျိုး နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေဖြစ်အပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေအား နိုင်ငံရပ်ခြားဆီ ပြန်ပို့ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒား ဒိုးဘရင်က စက်တင်ဘာ ၂၆ ရက် မှာ တိုက်တွန်းလိုက်ပါတယ်။ 

“ကျနော်တို့အနေနဲ့ ပိုထိရောက်ပြီး မြန်ဆန်တဲ့ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေအတွက် ဆောင်ရွက်နေသလို၊ EU ရဲ့ ပြင်ပနယ်စပ်တွေကိုလည်း အရင်ကထက် ပိုတင်းတင်းကျပ်ကျပ် ကာကွယ်စောင့်ရှောက်နေပါတယ်” လို့ ဒိုးဘရင်က ပြောပါတယ်။ 

မြူးနစ်မြို့မှာလုပ်တဲ့ EU ပြည်ထဲရေးဝန်ကြီးတွေနဲ့ EU ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကော်မရှင်နာ မက်ဂနက်စ် ဘရွန်နာတို့ တွေ့ဆုံပွဲအစမှာ ပြောခဲ့တာပါ။ 

ဆေယူတာမြို့က ဖြစ်ရပ်မျိုးလို ထူးခြားတဲ့ အခြေအနေတွေ EU ရဲ့ ပြင်ပနယ်စပ်တွေမှာ ထပ်ခါတလဲလဲ ဖြစ်နေတယ်လို့ ဒိုးဘရင်က ပြောပါတယ်။ 

ဇူလိုင်လကုန်ပိုင်းမှာ မော်ရိုကိုနိုင်ငံကနေ ဆေယူတာနယ်မြေဆီ လူပေါင်း ၇၂,၀၀၀ ကျော် ဝင်လာခဲ့ပေမဲ့ အများစုက နောက်ပိုင်းမှာ ပြန်ထွက်သွားခဲ့တာပါ။ 

ဒါပေမဲ့ ကလေးသူငယ်တွေအပါအဝင် ရွှေ့ပြောင်းအခြေချသူ ၁၂,၀၀၀ လောက် ဒီနယ်မြေလေးထဲမှာ ကျန်နေသေးတယ်လို့ စပိန်အစိုးရက ခန့်မှန်းထားပါတယ်။ 

ဒိုးဘရင် က “ဒီလိုအခြေအနေအများစုမှာ ကျနော်တို့အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျိုးကို ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ အဲဒီအစား သတင်းမှားတွေကြောင့် ဖြစ်လာတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုလှိုင်းတွေကိုသာ ရင်ဆိုင်နေရတာ” လို့ ပြောပါတယ်။ 

လက်ရှိမှာ EU ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေတဲ့ အိုင်ယာလန်နိုင်ငံရဲ့ တရားရေး၊ ပြည်ထဲရေးနဲ့  ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဝန်ကြီး ဂျင်မ် အိုကောလားဟန်က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ တတိယနိုင်ငံတွေအပေါ် ပိုတင်းကျပ်တဲ့ သဘောထားမျိုး ကိုင်စွဲချင်တယ်လို့ ပြောပါတယ်။ 

“ကျနော်တို့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ မူဝါဒကို အရင်က လေ့လာသုံးသပ်ခဲ့ပြီးပါပြီ။ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုဖန်တီးနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုမိုကျယ်ပြန့်တဲ့ ကုန်သွယ်ရေးမူဝါဒနဲ့ စီးပွားရေးမူဝါဒတွေကိုပါ ထပ်လေ့လာသုံးသပ်ဖို့ လိုအပ်မယ်။” 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013