DVB Logo
Home
မြန်မာသတင်း
ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လုံခြုံရေးအပြည့်ဖြင့် ဘိန်းခင်းများ စတင်ဖျက်ဆီး
DVB
·
January 26, 2016
ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လုံခြုံရေးအပြည့်ဖြင့် ဘိန်းခင်းများ စတင်ဖျက်ဆီး
Donate to DVB

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနဲ့ ကန်ပိုင်တီဒေသက ဘိန်းခင်းတွေကို သွားရောက် နှိမ်နင်းဖျက်ဆီးမယ့် ကချင်ပြည်နယ်လူထုအခြေပြု မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ ဟာ လုံခြုံရေး အပြည့်နဲ့ ဒီကနေ့ (ဇန်န၀ါရီလ ၂၆ ရက်)မှာ လမ်းဘေးမှာတွေ့တဲ့ ဘိန်းခင်းတွေကို စတင်ဖျက်ဆီး နေပါတယ်။

သူတို့အဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်ဟာ ပြည်နယ်တိုင်းမှူးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့ က ထပ်မံ စီစဉ် ဖြည့်ဆည်းပေးလိုက်တဲ့ လုံခြုံရေးတွေနဲ့အတူ ချီဖွေမြို့နယ် ချမ်းေ၈ျာ်ရွာကနေ မနက် ၇ နာရီ ကတည်းက စတင်ထွက်ခွါခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ် ကချင်မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်ရော၊ မပခတိုင်းမှူးနဲ့ ပြည်နယ်ရဲမှူးကြီးတို့ စီစဉ်ပေးလိုက်တဲ့ ရဲနဲ့ စစ်တပ်ပေါင်း ၅၀ ကျော် ခြေကျင်နဲ့ ခရီးထွက် ကြတယ်။ အခုဘိန်းခင်းသွား ဖျက်မယ့်နေရာက နောက်ထပ် မိုင် ၃၀ ကျော်ဝေးပြီး ကားလမ်း မပေါက်ဘူးလေ။ အဲဒါ အားလုံးဘဲ ခြေကျင်လျှောက်ရတယ်။ ပန်ဝါဘက်က ပြည်သူ့စစ်အင်အား ၁၅၀ နဲ့ မြစ်ကြီးနား၊ ၀ိုင်းမော်ဘက်က ရဲကား ၁၅ စီးလည်း လုံခြုံရေးယူပေးဖို့ လိုက်သွားပြီ ပြောတယ်။ ညနေ ၄ နာရီကျော်လောက်မှာတော့ ချီဖွေမြို့နယ် ဂျိတ်လွယ်ဒေသမှာ လမ်းဘေးမှာ တွေ့တဲ့ ဘိန်းပင်တွေကို စပြီး ဖျက်ဆီးသွားပါတယ်ခင်ဗျ။”

မူလက ဘိန်းခင်းတွေကို ဇန်န၀ါရီလ ၁၉ နေ့က စပြီး ဖျက်ဆီးဖို့ စီစဉ်ခဲ့ပေမယ့် ဘိန်းခြံပိုင်ရှင်နဲ့ ဘိန်းစိုက်တောင်သူတွေက တုတ်၊ ဓား၊ လက်နက်အပြည့်အစုံနဲ့ ခုခံကာကွယ်ဖို့ စောင့်နေ တာကြောင့် ဒီကနေ့မှ စတင်အကောင်အထည်ဖော်ရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013