
ကချင်ပြည်နယ် တနိုင်းဒေသမှာ ဘိန်းခင်းဖျက်ဆီးနေတဲ့ လူငယ်တဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။
ယခုလ ၁၅ ရက်နေ့မှာ တပိုင်တနိုင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan)က ကိုလထော်တူးဆိုင်း အသက် ၁၉နှစ်ဟာ အဖွဲ့နဲ့အတူ ဘိန်းခင်းဖျက်စီးနေတုန်း သေနတ်နဲ့ ချောင်းပစ်ခံရတာလို့ အဖွဲ့က တာဝန်ရှိသူ ဦးမရန်ဂျာလက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_131283" align="alignright" width="324"]
ဓာတ်ပုံ - Nang Pu[/caption]
“ဒုံချောင်းနဲ့ ချောင်းဆုံး အနီးအနားတ၀ိုက် ဘိန်းခင်းတွေကို ရှင်းလင်းနေတဲ့အချိန်မှာ တောစပ်ကနေ တူးမီး သေနတ်နဲ့ လာချောင်းပစ်သွားတာ။"
အလောင်းကို ဒီကနေ့မှာ သူ့ ဇာတိဖြစ်တဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လဘန်ခေါင် ကျေးရွာကို ပို့ဆောင်လိုက်ပြီး မနက်ဖြန် သဂြိုလ်မှာ ဖြစ်တယ်လို့လဲ ပြောပါတယ်။
တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးမောင်ကတော့ “တိုင်ချက်ကတော့ ဖွင့်ထားတယ်၊ တရားခံက ဘယ်သူလဲဆိုတာ မသိသေးဘူး၊ ရှာနေကြတုန်းပါပဲ” လို့ ဒီဗွီံဘီကို ပြောပါတယ်။
တပိုင်တနိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီးနေတာ ဖြစ်ပါတယ်။











