DVB Logo
Home
နိုင်ငံတကာ
Project Freedom ဆိုင်းငံ့ဟု ထရမ့်ပ်ကြေညာ၊ Epic Fury စစ်ဆင်ရေးပြီးဆုံး
DVB
·
May 6, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အီရန်နဲ့ အပြီးသတ်သဘောတူညီချက် ချမှတ်နိုင်ဖို့အတွက် ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို ကယ်ထုတ်တဲ့ Project Freedom စီမံကိန်းကို ခေတ္တဆိုင်းငံ့ထားလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၅ ရက် ညပိုင်းမှာ ကြေညာပါတယ်။

ဒါပေမဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုကတော့ ဆက်ရှိနေမယ်လို့ သူက ဆိုပါတယ်။ အမေရိကန်ရဲ့ အီရန်အပေါ် ကနဦး အကြီးစားစစ်ဆင်ရေးဖြစ်တဲ့ Operation Epic Fury လည်း အဆုံးသတ်သွားပြီလို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အတည်ပြုပါတယ်။ 

ပါကစ္စတန်နိုင်ငံရဲ့ တောင်းဆိုမှု၊ စစ်ရေးအောင်မြင်မှုတွေနဲ့ အီရန်ကိုယ်စားလှယ်တွေနဲ့ ပြည့်စုံတဲ့ သဘောတူညီချက်ရဖို့ တိုးတက်မှုရှိလာတာတွေကြောင့် ကယ်ထုတ်တဲ့စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာလို့ ထရမ့်ပ်က ပြောပါတယ်။

ပဋိပက္ခ မပြေလည်သေးပေမဲ့ အရှေ့အလယ်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးကတော့ ဆက်လက် အသက်ဝင်နေဆဲဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။ 

ငြိမ်းချမ်းရေးရဖို့အတွက် အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး အပေါ် ထရမ့်ပ်ရဲ့ တောင်းဆိုချက်တွေကို အီရန်က သဘောတူဖို့ လိုအပ်တယ်လို့ ရူဘီအိုက ဖြည့်စွက်ပြောပါတယ်။

"အော်ပရေရှင်းပြီးပါပြီ၊ သမ္မတက ကွန်ဂရက်လွှတ်တော်ကို အသိပေးခဲ့တဲ့အတိုင်း Epic Fury အဆင့် ပြီးဆုံးပါပြီ" လို့ ရူဘီယိုက ပြောပါတယ်။

တချိန်တည်းမှာပဲ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သူတို့နိုင်ငံကို အီရန်ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ဒုတိယမြောက်နေ့အဖြစ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီလိုတိုက်ခိုက်တာမျိုးမရှိဘူးလို့ အီရန်က ငြင်းဆိုထားပြီး အမေရိကန်ရဲ့ လုပ်ရပ်တွေကသာ ရေကြောင်းလုံခြုံရေးကို ထိခိုက်စေတယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက တုံ့ပြန်ထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013