
လီဗာပူးအသင်းဟာ ဘာစီလိုနာနောက်ခံလူ ရော်နယ်လ်အာရူဂျိုကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒီစာချုပ်မှာ အာရူဂျိုကို အပြီးသတ်ဝယ်ယူခွင့် အချက်ပါဝင်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင် နောက်ခံလူ အာရူဂျိုဟာ ဒီအပတ်ကုန်မှာ လီဗာပူးအသင်းနဲ့ ပူးပေါင်းဖို့ မျှော်လင့်ရပါတယ်။
အီဘရာဟီမာကိုနာတေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားပြီးနောက် ခံစစ်ပိုင်းကို အားဖြည့်ဖို့ လီဗာပူးရဲ့ အဓိက ကြိုးပမ်းမှု ဖြစ်ပါတယ်။ အာရူဂျိုဟာ ဘာစီလိုနာအတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးထားတာပါ။
အာရူဂျိုဟာ ဘာစီလိုနာမှာ လာလီဂါဖလား ၃ ကြိမ်အထိ ရယူခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ လာလီဂါပွဲစဉ်တွေမှာ ၁၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဂျရတ်မာတင်နဲ့ ပေါလ်ကူဘာစီတိုက အဓိကခံစစ်အတွဲအဖြစ် ပွဲထွက်ခဲ့တာကြောင့် အာရူဂျိုဟာ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်က ၂၀၃၁ ခုနှစ်အထိ ရှိနေတာပါ။
Photo: Ronald Araujo’s Facebook










