
၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင် ကနေဒါပရီးမီးယားလိဂ် (CPL) ဟာ အာစင်ဝင်းဂါး ဖော်ဆောင်ထားတဲ့ "Daylight" လူကျွံဘောစည်းမျဉ်းသစ်ကို စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းအရ တိုက်စစ်ကစားသမားရဲ့ ခန္ဓာကိုယ် တခုလုံးဟာ နောက်ခံလူထက် ရှေ့ကို လုံးဝ ကျွံထွက်နေမှသာ လူကျွန်ဘောအဖြစ် သတ်မှတ်မှာပါ။
လက်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းတခုခုကျော်ရုံနဲ့ လူကျွံဘောပေးတဲ့ စည်းမျဉ်းကို ပြင်ဆင် လိုက်တာ ဖြစ်လို့ တိုက်စစ်ဆင်သူတွေအတွက် ပိုအကျိုးရှိလာမှာ ဖြစ်ပါတယ်။
ကနေဒါလိဂ်ဟာ ဒီစည်းမျဉ်းကို ပထမဆုံး စမ်းသပ်တဲ့ ထိပ်တန်းလိဂ် ဖြစ်လာမှာဖြစ်ပြီး ဂိုးသွင်းခွင့် တွေ ပိုများလာဖိုနဲ့ ပရိသတ်တွေအတွက် ပိုစိတ်လှုပ်ရှားဖို မျှော်လင့်ထားပါတယ်။










