ဘယ်လာရုစ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ပထမအတွင်းရေးမှူး ဆာဂျီဆီရန်ကော့ဗ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၁၃ ရက်က ပြုံယမ်းမြို့ကို ရောက်ရှိလာတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။
ပြုံယမ်းနိုင်ငံတကာလေဆိပ်မှာ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ တာဝန်ရှိသူတွေက သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။
ဒီနှစ် မတ်လအတွင်း ဘယ်လာရုစ်သမ္မတဟာ မြောက်ကိုရီးယားနိုင်ငံဆီ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့စဉ်က ပြုံယမ်းမြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံကြား ချစ်ကြည်ရေးစာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ဖူးပါတယ်။
ဒီထိပ်သီးအစည်းအဝေးဟာ ရုရှား-ယူကရိန်း ၄ နှစ်တာစစ်ပွဲအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အဓိက ကျောထောက်နောက်ခံပေးခဲ့တာကြောင့် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရတဲ့ ခေါင်းဆောင် ၂ ယောက်ဖြစ်တဲ့ ကင်မ်ဂျုံအန်းနဲ့ အလက်ဇန္ဒား လူကာရှန်ကို တို့ကို တနေရာတည်းမှာ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters










