
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့နိုင်ငံဟာ ရုရှားရဲ့မူဝါဒတွေကို ဆက်ထောက်ခံသွား မှာဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံတကာ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က ဧပြီ ၂၇ ရက်မှာ ဖော်ပြပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီယာ ဘီလူဆော့ဗ်အပါအဝင် ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၄ ခုနှစ်မှာ ယူကရိန်းတပ်ဖွဲ့တွေက ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံ ကာ့က်စ်ခ်ဒေသထဲမှာ တိုက်ပွဲ အတွင်း ကျဆုံးသွားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ် အခမ်းအနား ကို ဧပြီ ၂၆ ရက်မှာ ကျင်းပခဲ့တယ်လို့ KRT က သတင်းထုတ်ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အိမ်နီးချင်းယူကရိန်းကို အပြည့်အဝကျူးကျော်ခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းနိုင်ငံရဲ့ ၅ ပုံ ၁ ပုံလောက်ကို သိမ်းပိုက်ထားပြီးတဲ့နောက် တိုက်ပွဲ ဝင်နေဆဲဖြစ်ပါတယ်။
မြောက်ကိုရီးယားအစိုးရက ရုရှားရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို ကာကွယ်တဲ့ မူဝါဒတွေကို အပြည့်အဝထောက်ခံသွားမယ်လို့ ကင်မ်က ပြောခဲ့တဲ့ အကြောင်း KRT သတင်းဌာနက ဖော်ပြပါတယ်။
KRTက ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ မြောက်ကိုရီးယားက ရုရှားမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေကို စွန့်လွှတ်အနစ်နာခံမှုနဲ့ သစ္စာစောင့်သိမှု ရဲ့ သင်္ကေတတွေအဖြစ် မြှင့်တင်ရေး ဆောင်ရွက်နေချိန်မှာ ကင်မ်က အခမ်းအနား တက်ရောက်ခဲ့ပြီး စစ်သားတွေကို ပွေ့ဖက် အားပေးနေတာကို ပြသ ထားပါတယ်။
ဗီဒီယိုထဲမှာ ကျဆုံးစစ်သည်တွေအတွက် ကင်မ်က ပန်းစည်းချနေတာကို ပြထားပါတယ်။ ၂ နိုင်ငံ အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်တရပ်ကို သဘောတူပြီးတဲ့နောက် ကာ့စ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ခန့်မှန်းခြေအားဖြင့် တပ်ဖွဲ့ဝင် ၁၄,၀၀၀ ကို စေလွှတ်ခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယားစစ်သား ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက အရာရှိတွေက ပြောပါတယ်။
Source:Reuters











