DVB Logo
Home
နိုင်ငံတကာ
ဟန်တာဗိုင်းရစ်ပ်ကို ထိန်းချုပ်နိုင်ဟု ထရမ့်ပ်ပြော
DVB
·
May 9, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဟန်တာဗိုင်းရပ်စ်ဟာ အရမ်းကောင်းတဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ‌ပြောပါတယ်။

ဟန်တာဗိုင်းရစ်ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နုတ်ထွက်ခဲ့တာနဲ့ပတ်သက်ပြီး ပြန်စဉ်းစားမှာလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က ဖြေကြားခဲ့တာပါ။

ထရမ့်ပ်က “ဟန်တာဗိုင်းရပ်စ်ကို ကောင်းကောင်ထိန်းချုပ်နိုင်ပုံရပါတယ်။ ဒီဗိုင်းရပ်စ်က ပေါ်တာ ကြာပြီဖြစ်တာကြောင့် ဗိုင်းရပ်စ်အကြောင်း ကောင်းကောင်းသိထားကြပါတယ်။ ဒီရောဂါက ကိုဗစ်နဲ့ မတူဘဲ ကူးစက်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ကို လေ့လာနေပါတယ်။ အရမ်းတော်တဲ့ သူတွေ နဲ့ ကျနော်တို့ သေချာလေ့လာနေ့ပါတယ်”လို့ ပြောပါတယ်။

အပျော်စီး သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ်ဖြစ်ကူးစက်မှုဖြစ်ပွားခဲ့ပြီး ၈ ယောက် ဖျားခဲ့ကာ ၃ ယောက် သေဆုံးခဲ့ပြီး ၆ ယောက်က ရောဂါကူးစက်ခံရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုထားပါတယ်။ 

ခရီးသည် ၁၄၇ ယောက် လိုက်ပါခဲ့တဲ့ အဲ့ဒီသင်္ဘောဟာ မေ ၂ ရက်မှာ စတင် ဖြစ်ပွားခဲ့တာပါ။ သင်္ဘောပေါ်မှာပါတဲ့ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေက မစိုးရိမ်ရကြောင်း၊ အနီးကပ် ဆက်ဆံသူတွေသာ ကူးစက်တာတွေ့ရကြောင်း WHO က ပြောထားပါတယ်။

ဒါ့အပြင် ဟန်တာဗိုင်းရပ်စ်က ကမ္ဘာကို ကူးစက်နိုင်ခြေနည်းပါးကြောင်း WHO က ကြေညာထား ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013