အိုင်ယာလန်အသင်းဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲမှာ အစ္စရေးနဲ့ တဂိုးစီ သရေကျခဲ့ပါတယ်။
ပွဲအပြီးမှာ အိုင်ယာလန်နည်းပြ ဟဲလ်ဂရင်းဆွန်က အစ္စရေးဟာ သူ့အသင်းကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောသွားခဲ့တာပါ။
ပွဲဝက်အနားယူချိန်မှာ အစ္စရေးကစားသမားတယောက်က အိုင်ယာလန် ကြံ့ခိုင်ရေးနည်းပြ ဒေးမင်းဒွိင်ကို တံတွေးနဲ့ ထွေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုလည်း ထွက်ပေါ်ခဲ့ပါတယ်။
နည်းပြ ဟဲလ်ဂရင်းဆွန်က အစ္စရေးရဲ့ ဖိအားပေးမှုတွေကို ကစားသမားတွေ စိတ်အေးအေးထားပြီး ထိန်းချုပ်နိုင်ခဲ့တာကို ချီးကျူးခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြန်လည်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေတာပါ။ အစ္စရေးနည်းပြ ဘင်ရှီမွန်ကတော့ ပွဲချိန်တဝက်မှာ အဝတ်လဲခန်းထဲမှာ ရှိနေခဲ့တာကြောင့် ဘာမှမမြင်လိုက်ရဘဲ အခြေအနေကို ပြန်လည်စစ်ဆေးသွားမယ်လို့ တုံ့ပြန်ထားပါတယ်။










