DVB Logo
Home
Lead Story
နွေဦးပြည်သူတို့အတွက် မရှော့ပင် ဆေးဖက်ဝင်
သာဇဏ်
·
October 28, 2026
နွေဦးပြည်သူတို့အတွက် မရှော့ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မရှော့ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။

မရှော့ပင်ကို သိပ္ပံလို clinacanthus nutans လို့ခေါ်ပြီး အင်္ဂလိပ်လို Sabah Snake Grass, snake grass,elephant's trunk လို့ ခေါ်ကြပါတယ်။ မြန်မာအမည်အားဖြင့် ဗိစပ်အသေးလို့လည်း ခေါ်ကြပါတယ်။

မရှော့ပင်မှာ Alkaloid ၊ flavonoid ၊ phenolic ၊ triterpenoid ၊ steroid ၊ glykoside ၊ tannin ၊ saponin ၊ phytosterol ၊ sitosterol ၊ C-glycosyl flavone ၊ polyphenol ၊ orientin ၊ belutin ၊ lupeol ၊ isoorientin စတဲ့ ကျန်းမာရေးအကျိုးပြုဓာတုဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာကြေစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ သန်ကောင်ရောဂါကို တိုက်ဖျက်ခြင်း၊ ဖျားနာခြင်းကို သက်သာစေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အဆိပ်ဖြေအာနိသင်ရှိခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ အနာကျက်စေခြင်း စတဲ့ အာနိသင်တွေ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ  မရှော့ပင်ရဲ့ အမြစ်၊ အရွက်နဲ့ အပင်တပင်လုံးကို သုံးစွဲကြပါတယ်။ အစာမကြေခြင်းနဲ့ ဗိုက်နာခြင်းတို့အတွက် အပင်ကို ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်း တဝက်ကို တနေ့ ၁-၂ ကြိမ် အစာမစားမီ နာရီဝက်ခန့် ကြိုတင် သောက်ပေးနိုင်ပါတယ်။

ဝမ်းကိုက်ရောဂါခြင်းအတွက် အရွက်အသင့်အတင့်ကို ရေနွေးဖျောပြီး အတို့အမြှုပ်အဖြစ် စားသုံးပေးခြင်းဖြင့် သက်သာစေပါတယ်။ 

ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရောဂါတွေမှာ အပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အူလမ်းကြောင်းဆိုင်ရာ ကပ်ပါးကောင်တွေ (သန်ကောင်/တုတ်ကောင် ရောဂါတွေမှာ အရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်သုံးပေးနိုင်ပါတယ်။

ဆီးချိုရောဂါမှာ အပင်အမှုန့် ကော်ဖီ ၂ ဇွန်းကို သွေးတွင်းသကြားပမာဏ အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

သွေးတွင်းအဆီဓာတ်များခြင်းအတွက် အပင်အမှုန့် ကော်ဖီ ၂ ဇွန်းကို အစာမစားမီ နာရီဝက်အလိုမှာ တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးတွင်းအဆီကို ကျစေပြီး သွေးတိုး၊ နှလုံးနဲ့ လေငန်းရောဂါတွေကို ကာကွယ်ပေးပါတယ်။ 

မရှော့ပင်မှာ အဖျားကျစေခြင်းနဲ့ ချွဲပျော်စေတဲ့ အာနိသင်ရှိတာကြောင့် မရှော့ပင် အရွက်/အပွင့် ပြုတ်ရည်ကို တခါသောက် ရေနွေးကြမ်း တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းများမှာ မရှော့ပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေမှာ အပင်ပြုတ်ရည် ကို အအေးခံကာ တခါသောက် ရေနွေးကြမ်းတခွက် တနေ့ ၂-၃ ကြိမ် သောက်သေုံးပေးနိုင်ပါတယ်။

အသည်းရောင် အသားဝါရောဂါအတွက် အရွက်ပြူတ်ရည် တခါသောက် ရေနွေးကြမ်းတခွက် တနေ့ ၂-၃ ကြိမ် သောက်သုံး ပေးနိုင်ပါတယ်။

သန်ကောင်/တုတ်ကောင်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကပ်ပါးပိုးရောဂါတွေမှာ အပင်အမှုန့် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂ ကြိမ် တပတ်ခန့်သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

မျက်စိအမြှေးပါးရောင်ရမ်းခြင်းနဲ့ မျက်စိယားယံခြင်းတို့အတွက် အရွက်လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို မျက်စဉ်းခတ်ပေးနိုင်ပါတယ်။

ပါးစပ်/ခံတွင်းအနာတွေနဲ့ သွားဖုံးရောင်ရောဂါတွေမှာ  အပင်ပြုတ်ရည် ကျကျကို ငုံဆေး/ပလုတ်ကျင်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

မရှော့ပင်မှာ ပိုးသတ်ဆေးအာနိသင်ရှိပြီး အနာကျက်စေတဲ့အတွက် အနာတွေ၊ အနာစိမ်းတွေ၊ ပိုးမွှားကိုက်ခံရတဲ့နေရာတွေနဲ့ ဖြတ်ရှဒဏ်ရာတွေမှာ အရွက်ကို ထုထောင်း အုံပေးခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပြီး အနာကျက်မြန်စေပါတယ်။

အရေပြားပိုးဝင်ခြင်း၊ ဝဲ၊ မှိုစွဲခြင်း၊ ပွေး နဲ့ နှင်းခူရောဂါတွေ အတွက် အရွက်ကို နနွင်းနဲ့ ရောစပ် အနှစ်ပြုလုပ်ပြီး လိမ်းကျံပေးနိုင်ပါတယ်။

မရှော့ပင် အရွက်နဲ့ အပွင့် သတ္တုရည်ကို ကြွက်သား/အရွတ် ဒဏ်ရာတွေမှာ လိမ်မ်းဆေးအဖြစ် အသုံးပြု နိုင်ပါတယ်။

မရှော့ပင်မှာ အဆိပ်ပြေစေတဲ့အာနိသင်ရှိတာကြောင့် ကင်းမြီးကောက်နဲ့ အင်းဆက်ပိုးမွှား ကိုက်ခံရခြင်းတွေမှာ  မ‌ရှော့ပင်ကို ထုထောင်းအုံပေးခြင်းဖြင့် သက်သာစေပါတယ်။  

မရှော့ပင်ကို ရေနွေးကြမ်းအဖြစ် အသင့်အတင့် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းမွန်စေခြင်း၊ ဆီးချို၊ သွေးတိုး၊ အဆစ်ရောင်ရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ စတဲ့နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးကွေးစေပါတယ်။

မရှော့ပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံစားသုံးတာက ပျို့အန်ခြင်း၊ မူးဝေခြင်းနဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင် ပါတယ်။ မရှော့ပင်နဲ့ ဓာတ်မတည့်သူတွေ မရှော့ပင်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ မရှော့ပင်ပင်မှာ သန္ဓေတားဆေးအာနိသင်ရှိတာကြောင့်  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသမီးရယူလိုသူမိခင်လောင်းတွေ  မရှော့ပင်ပင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ မရှော့ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013