DVB Logo
Home
မြန်မာသတင်း
ရဲဌာန၊ တရားရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှု အနည်းဆုံးဟုဆို
DVB
·
August 26, 2015
ရဲဌာန၊ တရားရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှု အနည်းဆုံးဟုဆို
Donate to DVB

မြန်မာတွေဟာ ရဲဌာန၊ တရားရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှုအနည်းဆုံးလို့ လူမှုစစ်တမ်းတခုက ဖော်ပြလိုက်ပါတယ်။

ဒီလူမှုစစ်တမ်းကို ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ ထိုင်ဝမ်အခြေစိုက် အာရှ ဘာရိုမီတာ ဆာဗေးတို့ ဇန်န၀ါရီကနေ မတ်လအထိ ပူးပေါင်းကောက်ယူခဲ့တာဖြစ်ပြီး သြဂုတ် ၂၄ ရက်နေ့မှာ ရလဒ်ကို ထုတ်ပြန်ခဲ့တာပါ။

လူပေါင်း ၂၀၀၀ လောက်ကို မေးမြန်းခဲ့တာမှာ ရဲဌာနကို ယုံကြည်သူ ၂၃ ရာခိုင်နှုန်း၊ တရားရုံးကို ယုံကြည်သူ ၂၆ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်သူ ၃၀ ရာခိုင်နှုန်း ရှိတာပါ။

အိမ်နီးချင်းနိုင်ငံတွေထဲမှာလည်း မြန်မာဟာ ရဲဌာနနဲ့ တရားစီရင်ရေးကို ယုံကြည်ကြတာ အနည်းဆုံး ဖြစ်ပါတယ်။

စစ်တပ်ကို ယုံကြည်တာမှာတော့ ၄၆ ရာခိုင်နှုန်း ရှိနေပေမယ့် ဒေသတွင်းနိုင်ငံတွေထဲမှာ အနိမ့်ဆုံး ဖြစ်နေပါသေးတယ်။

လူယုံကြည်မှုအများဆုံး ရတာကတော့ ရုပ်မြင်သံကြားဖြစ်ပြီး ၄၂ ရာခိုင်နှုန်းရှိပါတယ်။ သမ္မတကတော့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ယုံကြည်ခံရပြီး ဒုတိယနေရာ လိုက်ခဲ့တာပါ။

မြန်မာတွေဟာ လူမှုအသိုင်းအ၀ိုင်းထဲမှာလည်း ယုံကြည်မှု နည်းပါးကြတယ်လို့ စစ်တမ်းရလဒ်က ဆိုပါတယ်။

ဒီစစ်တမ်းကို မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေ အပါအ၀င် မြို့ပေါင်း ၃၆ မြို့မှာ မေးခွန်းပေါင်း ၂၀၀ ကျော် မေးမြန်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013