DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ ကို ပဲဆီဆိုပြီး ရောင်းချနေ
DVB
·
August 22, 2015
စားအုန်းဆီ ကို ပဲဆီဆိုပြီး ရောင်းချနေ
Donate to DVB

ပဲဆီဆိုပြီး ဈေးကွက်အတွင်းရောင်းချနေတဲ့ အမှတ်တံဆိပ် ၁၀ မျိုးဟာ စားအုန်းဆီနဲ့ စားအုန်းဆီအရောတွေ ဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

စိန်မမ၊ မော်ကွန်းသစ်၊ Hi plus၊ စိန် စတဲ့ ဆီအမှတ်တံဆိပ် ၄ မျိုးဟာ စားအုန်းဆီတွေဖြစ်ပြီး ရွှေအိုး၊ ရွှေပဒေသာ၊ ကံသာမြင့်၊ ရွှေတော်ဝင်၊ ပတ္တမြား၊ သပြေ စတဲ့ ဆီတံဆိပ် ၆ မျိုးဟာ စားအုန်းဆီ ရောထားတဲ့ဆီတွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီအမှတ်တံဆိပ်နဲ့ ဆီထုတ်လုပ်ရောင်းချသူတွေအနေနဲ့ စံမမီတဲ့ဆီတွေကို ဈေးကွက်အတွင်းကနေ အမြန်ဆုံးပြန်လည်ရုပ်သိမ်းသွားကြဖို့နဲ့ ဆက်လက်ထုတ်လုပ်ရောင်း ချနေရင် အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(ခ)အရ အရေးယူသွားမယ်လို့လည်း သတင်းက ဆိုပါတယ်။

သြဂုတ် ၂၁ ရက်နေ့ကလည်း ပဲကြီးလှော် အပါအ၀င် စားသောက်ကုန် ၂၇ မျိုးမှာ ဓာတုဆိုးဆေးတွေ သုံးထားလို့ မစားသင့်ဘူးလို့ ကျန်းမာရေးဌာနက အသိပေး ထုတ်ပြန်ခဲ့ပါသေးတယ်။

ပြည်သူတွေ စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်တွေကို အသိပေးကြေညာလေ့ရှိပေမယ့် ဒီနေ့ထိ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်ထုတ်လုပ်သူ တစံတယောက်ကိုမှ အပြစ်ပေး အရေးယူထားတာ မရှိသေးဘူးလို့ အစားအသောက်ဆေးဝါးစစ်ဆေးရေးဌာနက တာဝန်ရှိသူတယောက်က ဒီဗီဘီကို ပြောပါတယ်။

သူတို့ဌာနအနေနဲ့ ကျောင်းမုန့်ဈေးတန်းနဲ့ ရပ်ကွက်ဈေးတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန်တွေကို အဆက်မပြတ်စစ်ဆေးနေလို့ အခုလို အန္တရာယ်ရှိပြီး စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်တွေ တမျိုးပြီးတမျိုး ထုတ်ပြန်ကြေညာနိုင်တာလို့ ပြောပါတယ်။

စားသုံးဖို့ မသင့်တဲ့ ဓာတုဆိုးဆေးသုံး စားသောက်ကုန်တွေထဲမှာ မျှစ်နဲ့ ငရုပ်သီးအရောင်တင်မှုန့်တို့ဟာ အန္တရာယ်အရှိဆုံး စားသောက်ကုန်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013