
အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ နာမည်ကျော် နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ပုံတူပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
ဟာလန်းဟာ ကမ္ဘာပေါ်မှာ ရုပ်အချောဆုံး အမျိုးသားတယောက် ဖြစ်သလို သူကိုယ်တိုင်ကလည်း ချောမောသူဖြစ်လို့ အခုလို ဝင်ပြိုင်တာဖြစ်တယ်လို့ ပြိုင်ပွဲဝင် ဂျိတ်ရိဒ်က ပြောပါတယ်။
နောက်ထပ် ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ ခလိုရီဘလက် ကလည်း သူသာ အကောင်းဆုံးဖြစ်လို့ အနိုင်ရမယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။
ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ နိုအာဘီရိုလပ်ဗ်တန် ကတော့ နိုင်ငံအတွက် အခုလို အနိုင်ရတာ ဝမ်းသာတယ်လို့ ပြောပါတယ်။
ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟာလန်းဟာ နော်ဝေအသင်းအတွက် သွင်းဂိုး ၇ ဂိုးအထိ သွင်းယူခဲ့ပြီး မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့နောက်မှာ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားတွေထဲက တယောက်ဖြစ်ခဲ့ ပါတယ်။
ဒါပေမဲ့ နော်ဝေအသင်းဟာ ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပါတယ်။










