ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နော်ဝေကလပ် ဘိုဒိုဂလင့် အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်က ငါးဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဘိုင်ယန်အတွက် ဟယ်ရီကိန်း၊ မူစီယာလာ၊ အယ်လ်ဖွန်ဆို ဒေဗီးစ် တို့က တဂိုးစီနဲ့ အိုလီဆေးက နှစ်ဂိုး အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မူစီယာလာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဥရောပပွဲစဉ်တွေမှာ ၉၀၀ မြောက် သမိုင်းဝင်ဂိုးလည်း ဖြစ်ခဲ့တယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
ဒါ့အပြင် ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဟယ်ရီကိန်း ဟာလည်း ချန်ပီယံလိဂ် ၇၁ ပွဲမှာ ၅၅ ဂိုးမြောက် ရရှိခဲ့တာကြောင့် ဟာလန်းနဲ့ နစ္စတယ်ရွိုင်းတို့ပြီးရင် ၅၅ ဂိုး အမြန်ဆုံး သွင်းယူနိုင်တဲ့ သုံးယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။











