DVB Logo
Home
မြန်မာသတင်း
ရောင်းသူမဲ့ ဈေးရောင်းစနစ် ပျဉ်းမနား အထက်တန်းကျောင်းတွင် စတင်
DVB
·
July 24, 2015
ရောင်းသူမဲ့ ဈေးရောင်းစနစ် ပျဉ်းမနား အထက်တန်းကျောင်းတွင် စတင်
1 / 2
Donate to DVB

ကျောင်းသားတွေအနေနဲ့ ၀ယ်ယူလိုတဲ့ပစ္စည်းကိုယူပြီး ကျသင့်တန်ဖိုးကို သတ်မှတ်ဘူးထဲမှာ ကိုယ်တိုင်ထားခဲ့ရတဲ့ ဈေးရောင်းစနစ်ကို နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့ အမှတ် ၁ အခြေခံ ပညာအထက်တန်းကျောင်းမှာ ပထမဆုံးအကြိမ် စတင်လိုက်ပါတယ်။

ကျောင်းအုပ်ကြီး ဒေါ်သီတာက "ကျောင်းသားတွေကို အလေ့အကျင့် ကောင်းတခုရစေချင်လို့ စလိုက်တာ။ ပစ္စည်းခြင်းတွေကို ကော်ရစ်ဒါမှာပဲ ထားတယ်။ အတန်းထဲမှာထားရင် တယောက်ယောက်က စောင့်ကြည့်နေလို့ဆိုတဲ့ အသိဖြစ်လာမှာ စိုးလို့ပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါကျောင်းမှာ ကျောင်းသား ၂၅၀၀ ၀န်းကျင်လောက်ရှိပြီး စာရေးကိရိယာတွေ ထည့်ထားတဲ့ခြင်း ၁၅ ခြင်းကို ဇူလိုင် ၂၁ ရက်ကစပြီး ထားခဲ့တာပါ။

mail.google.com"သူငယ်တန်းကလေးတွေကိုလည်း ပစ္စည်းတန်ဖိုးကို သေချာပြောပြထားပြီး ကိုယ်တိုင်ဝယ်၊ ရှင်းနိုင်အောင် သင်ပေးထားတယ်။ ဒီနေ့အထိ ၇ သောင်းခွဲဖိုး ရောင်းထားရပြီ" လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။

ဒီစနစ်ကို ဆွစ်ဇာလန်နိုင်ငံ ပန်းခြံတွေမှာ ပန်းရောင်းတဲ့ပုံစံအကြောင်း ဆောင်းပါးကို ဖတ်မိပြီး စိတ်ကူးရခဲ့တာလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013