DVB Logo
Home
မြန်မာသတင်း
တရားခံများ အကျဉ်းထောင် ပြန်ပို့စဉ် အချုပ်ကားဖောက်ထွက်ပြေးမှု ဖြစ်ပွား
DVB
·
April 11, 2017
တရားခံများ အကျဉ်းထောင် ပြန်ပို့စဉ် အချုပ်ကားဖောက်ထွက်ပြေးမှု ဖြစ်ပွား
1 / 2
Donate to DVB

 

နေပြည်တော်၊ ပျဉ်းမနား အချုပ်စခန်းကနေ ရမည်းသင်းအကျဉ်းထောင်ကို တရားခံတွေ ပြန်လည် ပို့ဆောင်နေစဉ်မှာ တရားခံ ၂ ဦးက အချုပ်ကား ဖောက်ထွက်ပြေးမှု ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပေါ် ခဲ့ပါတယ်။

ဧပြီ ၁၀ ၇က် မနက် ၇ နာရီ ၄၀ မိနစ်က ရမည်းသင်းအကျဉ်းထောင်ကို တရားခံ ၉၄ ဦး ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင်အမှတ် ၂၇၅ အရောက်မှာ အချုပ်ကား သံဇကာကိုဖောက်ပြီး ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတရားခံပြေး ၂ ဦးဟာ တပ်ကုန်းမြို့မရဲစခန်း(ပ) ၂၀၀/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အမှု တရားခံ အသက်(ခ) ဇော်မျိုး (ခ) ကုလားနဲ့ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း (ပ)၁၁၇/၁၇၊ (ပ)၁၁၈/၁၇၊ (ပ)၁၂၂/၁၇၊ (ပ)၁၂၃/၁၇၊ (ပ)၁၂၄/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အမှုနဲ့ တရားခံ ငြိမ်းချမ်းအောင်(ခ) သီဟ တို့ဖြစ်ပါတယ်။

တရားခံတွေ ထွက်ပြေးမှုဟာ ဧပြီလ ၈ ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနား အချုပ်စခန်းက တရားခံ ၂ ဦး ထွက်ပြေးမှုဖြစ်ပေါ်ခဲ့သေးပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013