DVB Logo
Home
မြန်မာသတင်း
ဧရာဝတီ-ဟင်္သာတတာ ကမ်းပြို၊ အိမ်ခြေ ၁၆၆ လုံး ရွှေ့ပြောင်းရန် စီစဉ် (သတင်းဓာတ်ပုံ)
DVB
·
July 20, 2015
ဧရာဝတီ-ဟင်္သာတတာ ကမ်းပြို၊ အိမ်ခြေ ၁၆၆ လုံး ရွှေ့ပြောင်းရန် စီစဉ် (သတင်းဓာတ်ပုံ)
1 / 7
Donate to DVB

ကမ်းပြိုကမ်းစားမှု သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ဧရာဝတီ-ဟင်္သာတတာရဲ့ တာမိုင်အမှတ် ၁၈/ဝ နဲ့ ၁၈/၃ အတွင်း ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ဆည်မြောင်းဦးစီးဌာနက ရေကာတာ မြစ်ဘက်အခြမ်းမှာ အဆင့်မြင့် ရေလွှဲတန်းတွေ တည်ဆောက်နေသလို ရေကာတာ အတွင်းဘက်အခြမ်းမှာလည်း ဘိုးတာနဲ့ တာဝိုင်းတွေ လုပ်ဆောင်နေပါတယ်။

ဒီတာကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိ တာတမံအခြေအနေ စိတ်ချရ၊ မချရ ဆိုတာကိုတော့ ဖြေကြားလိုခြင်းမရှိဘူးလို့ ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလွင်က ပြောပါတယ်။

ကမ်းပြိုကမ်းစားဖြစ်နေတဲ့ ဧရာဝတီ-ဟင်္သာတ တာဟာ ဟင်္သာတမြို့နဲ့ ဇလွန်မြို့အကြား ဧရာဝတီမြစ်ကို ကာရံထားတဲ့ ရေကာတာဖြစ်ပြီး ဇွန်လနောက်ဆုံးပတ်က စလို့ တာမိုင်အမှတ် ၁၈/ဝ နဲ့ ၁၈/၃ အတွင်း ကမ်းပြိုကမ်းစား ဖြစ်ပေါ်နေပြီး ရေကာတာတမံနဲ့ နီးကပ်လာတဲ့အတွက် ကာကွယ်ရေးလုပ်ငန်းတွေကို ဌာနဆိုင်ရာနဲ့ ဒေသခံတွေ ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဇလွန်မြို့နယ်အတွင်းရှိ တောင်ဘို့တရာအုပ်စုဟာ ကမ်းပြိုကမ်းစားမှုကြောင့် တာခြေနဲ့ နီးကပ်လာတဲ့အတွက် နောက်ခံ ပန်းတာတည်ရှိရာ တာဝိုင်းအတွင်း နေထိုင်တဲ့ လူနေအိမ် ၁၆၆ လုံးက မိသားစုဝင်တွေကို ခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၈ ရက်နေ့မှာ တွေ့ဆုံပြီး ယာယီပြောင်းရွှေ့နိုင်ဖို့ နေရာချထားရေး လုပ်ခဲ့ပါတယ်။

ကမ်းပြိုကမ်းစားကြုံတွေ့နေရတဲ့ ဧရာဝတီ-ဟင်္သာတ တာရဲ့ တာမိုင်အမှတ် ၁၈/၀ နဲ့ ၁၈/၃ တို့ဟာ တာခြေနဲ့ နီးကပ်နေလို့ တာကျိုးပေါက်လျှင် ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊၊ ကျောင်းကုန်း၊ ရေကြည် မြို့နယ်တွေကို ရေဝင်ရောက်နိုင်ပါတယ်။

အဲဒီရေကာတာဟာ ၁၉၉ဝ နဲ့ ၁၉၉၄ ခုနှစ်အတွင်း တာဟောင်း အပါအဝင် ပန်းတာ လေးခု ကျိုးပေါက်ခဲ့လို့ ၂ဝ၁၂ ခုနှစ်ကစပြီး တာခြေမှ ပေ ၅ဝဝ ခန့်အထိ ကမ်းပြိုမှုရှိခဲ့သလို လက်ရှိ ကမ်းပြိုကမ်းစားနဲ့ နီးကပ်တဲ့နေရာဟာ တာခြေနဲ့ ပေ ၅ဝ လောက်သာ ကွာဝေးပါတော့တယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013