
လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ ၁၀ ပွဲအထိ ရှုံးနိမ့်မှုနဲ့အတူ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။
နည်းပြ အာနယ်ဆလော့က အဓိကကစားသမားတွေဖြစ်တဲ့ ဆာလာ၊ အလစ်ဆန်နဲ့ အီကီတီကေးတို့ ဒဏ်ရာရနေတာဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပေမဲ့ ဒါကို ဆင်ခြေအဖြစ် အသုံးမပြုလိုဘဲ ရလဒ်ကောင်းအောင် ပြန်လည်ကြိုးစားသွားမယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။
လက်ရှိမှာ လီဗာပူးဟာ အဆင့် ၅ နေရာကို ရောက်ရှိနေပြီး လာမဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ PSG နဲ့ ကစားရမှာဖြစ်တာကြောင့် အခုလို ခြေစွမ်းမျိုးနဲ့သာ ဆက်ကစားရင် ဂိုးပြတ် ရှုံးနိမ့်နိုင်တယ်လို့ ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။
ဆလော့အနေနဲ့ အသင်းရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ကစားသမား အင်အားဖြည့်တင်းမှုတွေကို ပြန်လည်သုံးသပ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အမြန်ဆုံး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။











