Home
မြန်မာသတင်း
ဟုမ္မလင်းမြိုနယ်၌ ရဲကင်းစခန်း ၄ ခုကို PDF က တိုက်ခိုက်သိမ်းပိုက်
DVB
·
April 29, 2023
343637952_3429198864015609_1333737778319000653_n

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ဝဲဟက် စခန်းကုန်း၊ အောင်သာယာ၊ အောင်စည်သာ၊ ထိန်းကူးရွာတွေက ရဲကင်းစခန်း ၄ ခုကို ဒေသတွင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၂၉ ရက်နေ့ မနက်မှာ တပြိုင်တည်း သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တော်လှန်ရေးနဲ့ နီးစပ်သေတဦးက "စစ်သားနဲ့ ရဲအသေအပျောက်များတဲ့အတွက် တံတားဦးလေဆိပ်က‌နေ တက်လာတဲ့ ဂျက်ဖိုက်တာ YAK-130 နဲ့ မနက်ပိုင်း ၈ နာရီ ၂၆ မိနစ်လောက်က ဗုံးကြဲ တိုက်ခိုက်သွားတယ်" လို့ ပြောပါတယ်။

လေကြောင်းက‌နေ ပစ်ခတ်တိုက်ခိုက်ပေမယ့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ အထိအခိုက်မရှိဘူးလို့ ဟုမ္မလင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသား ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ဗိုလ်ချုပ်သာအေး တည်ခဲ့တဲ့ ရွှေပြည်အေးမြို့သစ်ကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းအဖွဲတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024