DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦးနှင့် ယာဥ်မောင်း ၁ ဦး ဖမ်းဆီးခံရ
DVB
·
January 18, 2023
ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦးနှင့် ယာဥ်မောင်း ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက ၂၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆ ဦးနဲ့ ယာဥ်မောင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းက မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ရန်ကုန်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် ၂၂ ဘီးယာဥ်ကို စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကားနောက်တွဲမှာ ခြံပုံစံလေးလုပ်ပြီး မိုးကာနဲ့အုပ်ထားတာ၊ အဲ့ဒီကတွေ့တာ၊ ယောက်ျားလေးတယောက် မိန်းကလေးငါးယောက်၊ ယာဥ်မောင်းကိုလည်း ဖမ်းထားတယ်။”

လတ်တလောမှာ ဖမ်းဆီးခံရတဲ့ ယာဥ်မောင်းဖြစ်သူ၊ ရိုဟင်ဂျာအမျိုးသားတဦးနဲ့ အမျိုးသမီးခြောက်ဦးကို စစ်ကောင်စီတပ်က ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၆ ဦး အပါအဝင် ဇန်နဝါရီ ၁ ရက်မှ ၁၈ ရက်အထိ ရန်ကုန်၊ ဟင်္သာတ၊ ပြည်တို့မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဦးရေ အမျိုးသား ၁၂၂ ဦးနဲ့ အမျိုးသမီး ၇၀ စုစုပေါင်း ၁၉၂ ဦး ရှိပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၉၂ ဦးထဲက သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ဇန်နဝါရီ ၂ ရက်က ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာ ၇၇ ဦးကို ဇန်နဝါရီ ၁၀ ရက်က သန်လျင်မြို့နယ် တရားရုံးကနေ လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်၊ ဧရာဝတီ၊ ရခိုင် အပါအဝင် မြို့နယ်တချို့မှာ ဖမ်းဆီးခံရသူ ရိုဟင်ဂျာဦးရေ ၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူနဲ့ ထောင်ကျနေသူတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013