အသံတိတ်လှုပ်ရှားမှုနှင့်ပတ်သက်ပြီး အရေးယူထားသူများ၏ပုံပါစာရွက်များ စစ်ကောင်စီ လိုက်ကပ်

မန္တလေးမြို့မှာ အသံတိတ်အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အရေးယူခံထားရသူတွေရဲ့ ပုံပါ စာရွက်တွေကို အာဏာသိမ်းစစ်ကောင်စီက လူအသွားအလာများတဲ့ နေရာတချို့မှာ လိုက်လံကပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အသံတိတ်လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ပိတ်မယ့်အကြောင်း လူမှုကွန်ရက်မှာ ရေးတင်တဲ့ ဆိုင်တချို့ကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးတာနဲ့ ဆိုင်တွေကို ချိပ်ပိတ်တာတွေ လုပ်နေပါတယ်။

အမရပူရမြို့နယ်နေ ပြည်သူတစ်ဦးက “ကျနော်တို့ အမရပူရဘက်မှာလည်း ကပ်တယ်။ ဆိုင်တွေ အဲ့ဒီနေ့ ဖော်ဖော်ဝါရီ ၁ ရက်မှာ ဆိုင်ဖွင့်ဖို့ စာတွေပေးတယ်။ လက်မှတ်တွေလည်း ထိုးခိုင်းတာရှိတယ်” လို့ ပြောပါတယ်။

‘ပြည်တော်ဝင်ဖို့ ရုဏ်းကြစို့’ ဆိုတဲ့ အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နိုင်ငံတဝန်း ပြုလုပ်မှာဖြစ်ပါတယ်။

//
More News
Up