Home
မြန်မာသတင်း
လောင်းလုံးမြိုနယ်တွင် ပျူစောထီးစခန်းကို PDF က ဝင်ရောက်စီးနင်းပစ်ခတ်
DVB
·
January 21, 2022
272106652_461022255745839_3210368224494980852_n

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီး-ကမ်းပနီကျေးရွာအနီးက ပျူစောထီးစခန်းနှစ်ခုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT)တပ်ခွဲတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၀ ရက်၊ ည ၁၁ ကျော်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ ပါတယ်။ 

အဲဒီလို ဝင်ရောက်စီးနင်းပစ်ခတ်ချိန်မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီးခေါင်းဆောင် ၂ ဦးနဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ 

ဖမ်းဆီးရမိသူတွေထဲမှာ ၁၀၄ တပ်ရင်းမှာ သင်တန်းတက်ထားတဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေဖြစ်ပြီး စာရင်းစာအုပ်တွေ စစ်ယူနီဖောင်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သလို သူတို့ရဲ့မိသားစုဝင်တွေလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။

အဆိုပါ မိသားစုဝင်တွေထဲမှာ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အသက်ကြီးသူတွေလည်း ပါတဲ့အတွက် သက်ညှာတဲ့အနေနဲ့ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပျုစောထီးစခန်းက  လက်လုပ်သေနတ် (၆)လက်၊ M 16 ကျည်အမျိုးအစား (၁၀၀) လောက် အပါအဝင် ဖုန်းတချို့နဲ့  ဆိုင်ကယ် ၅ စီး သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေနဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ လောင်းလုံးမြို့နယ် ကြယ်တောင်အနီးမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024