Home
မြန်မာသတင်း
စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၂ ဦး CDM ပြုလုပ်
DVB
·
November 30, 2021
262386826_121468640339561_5740452843624781061_n

ကလေးမြို့ အင်ဒိုင်းလေး ခမရ(၃၆၃) တပ်ရင်းက တပ်ကြပ်ကြီးစာရေးတစ်ယောက်နဲ့ တပ်သား ၂ ယောက် CDM ပြုလုပ်လာတယ်လို့ CDF_KKG က နိုဝင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ခမရ(၃၆၃)တပ်ရင်းက ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆ တပ်ကြပ်ကြီးစာရေး Mang Bawi Hring နဲ့ တပ်သား ၂ ယောက်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားမှုတွေကို ဆန့်ကျင်ပြီးတော့ ကလေး၊ကဘော်၊ ဂန့်ဂေါ CDF-KKG ကနေတစ်ဆင့် CDM ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီနေ့အချိန်ထိ CDF-KKG ကနေတစ်ဆင့် CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်အထိရှိနေပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ CDF-KKG ရဲ့တာဝန်ရှိသူတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

လက်နက်ကျည် အပြည်စုံနဲ့ CDM ပြုလုပ်လာသူတွေကို ထိုက်သင့်တဲ့ ဆုကြေးငွေ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ လက်နက်ကျည်ဆန် မပါဘဲ CDM ပြုလုပ်လာသူတွေကိုတော့ တာဝန်မယူတော့ဘူးလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024