DVB Logo
Home
မြန်မာသတင်း
ပြည်မြို့က တိမ်းရှောင်နေသည့် နာရေးအသင်းဒုဥက္ကဋ္ဌအပါအဝင် ၃ ဦး ဖမ်းဆီးခံရ
DVB
·
October 23, 2021
ပြည်မြို့က တိမ်းရှောင်နေသည့် နာရေးအသင်းဒုဥက္ကဋ္ဌအပါအဝင် ၃ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

ပဲခူးတိုင်း ပြည်မြို့က တိမ်းရှောင်ထွက်ပြေးနေရတဲ့ မိုးမေတ္တာနာရေးကူညီမှုအသင်းရဲ့ ဒုဥက္ကဋ္ဌ ကိုမျိုးငြိမ်းဇော် အပါအဝင် အမျိုးသား ၃ ဦး အောက်တိုဘာ ၂၁ ရက် ညနေ ၃ နာရီလောက်က ဖခင်နာရေးကို လိုက်ပါပို့ဆောင်‌ရင်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မိုးမေတ္တာနာရေးကူညီမှုအသင်းရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ကဗျာဆရာလည်း ဖြစ်တဲ့ ကိုမျိုးငြိမ်းဇော်နဲ့အတူ မိတ်ဆွေတွေဖြစ်တဲ့ ကိုဝင်းဇော်နဲ့ ကိုသက်ကြီးတို့ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုမျိုးငြိမ်းဇော်ရဲ့မိတ်ဆွေ ဒေသခံတဦးက ''စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလကတည်းက သူတို့အသင်းရုံးကို စစ်တပ်က စီးနင်းပြီးကတည်းက ကိုမျိုးငြိမ်းဇော်က တိမ်းရှောင်နေတာ။ သူ့အဖေရဲ့နာရေးကိုလိုက်ပို့ရင်း အဖမ်းခံလိုက်ရတာပဲ” လို့ ပြောပြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘာကြောင့်ဖမ်းဆီးခံရတာလဲဆိုတာနဲ့ ဘယ်မှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မိသားစုဝင်တွေက မသိရှိရသေးတဲ့အတွက် အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ပြည်မြို့မရဲစခန်းကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

မိုးမေတ္တာ နာရေးကူညီမှုအသင်းဟာ ပြည်မြို့နယ်က နာရေးကိစ္စတွေအပြင် ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ကူညီခဲ့တဲ့အသင်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမေတ္တာနာရေးကူညီမှုအသင်းဟာ အကြမ်းဖက်စစ်ကောင်စီက ဧပြီလထဲမှာ အသင်းရုံးကို ဝင်ရောက်စီးနင်းကာ အသင်းပိုင်မော်တော်ယာဉ်တွေနဲ့ အရေးပေါ်အသက်ကယ်ပစ္စည်းတွေ အပါအဝင် ဆေးဝါးတွေကို ယူဆောင်သွားခဲ့ပြီး အသင်းဝင် ၁ ဦးနဲ့ သူနာပြုအမျိုးသမီး ၁ ဦးလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013