Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၀ နီးပါးနှင့် သေဆုံးသူ ၁၂ ဦးထိရှိလာ
DVB
·
July 23, 2021
221644737_126188419675931_3481729654557894177_n
220886870_126188513009255_1219606678916268528_n
220839487_126188576342582_8807117265485001115_n
219730254_126188456342594_2689305370180932219_n

မွန်ပြည်နယ်  ရေးမြို့နယ်မှာ ဇူလိုင် ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၃၀၀ နီးပါးနဲ့ သေဆုံးသူ ၁၂ ဦး ရှိလာပြီလို့ သိရပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ကလည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ရေးမြို့မှာ ကိုဗစ်တတိယလှိုင်းကာလ ကိုဗစ်ကူးစက်နှုန်းက ဆက်လက်မြင့်တက်လာခဲ့သလို သေဆုံးမှုလည်း နေ့စဉ်နီးပါးလောက်ရှိလာခဲ့ပြီး ရောဂါကို မထိန်းချုပ်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

ကိုဗစ် ကူးစက်ခံရသူတွေ များပြားလာပြီး ဆေးရုံမှာ လူနာတွေထားရှိဖို့ နေရာ မလုံလောက်တော့ကြောင့် ကိုဗစ်-၁၉ကုသရေးဌာနက စာသင်ကျောင်းတွေမှာ ကိုဗစ်စင်တာတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024