Home
မြန်မာသတင်း
အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဆရာဝန်များကို ပစ်မှတ်ထား ဖမ်းဆီးနှိပ်ကွပ်နေ
DVB
·
July 21, 2021

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး အာဏာသိမ်းစစ်တပ်ဟာ  ပစ်မှတ်ထား အလိုရှိသူစာရင်းထဲမှာ ရာနဲ့ချီတဲ့ ဆရာဝန်တွေ ပါဝင်နေပြီး အနည်းဆုံး ၁၅၇ ဦး အဖမ်းခံထားရပါတယ်။

ပိုပြီးဆိုးလာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကြားမှာ ကျန်းမာရေးလုပ်သားတွေနဲ့ စေတနာ့၀န်ထမ်းတွေကို ဘေးကင်းလုံခြုံစွာ ပါဝင်ကူညီနိုင်ရေး ကက်သလစ် ခရစ်ယာန် ခေါင်းဆောင်တွေက တောင်းဆိုနေပေမယ့်လည်း စစ်ကောင်စီဘက်ကတော့ ဆေးဘက်ဆိုင်ရာပညာရှင်တွေအပေါ် နှိမ်နင်းဖြိုခွင်းမှုတွေ ဆက်လုပ်နေပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လူထုရဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။

လုံခြုံရေးတပ်ဖွဲ့တွေဟာ ကျန်းမာရေးဌာနတွေကို ဝင်ရောက်စီးနင်းပြီး လူနာတင်ယာဉ်တွေကို မီးရှို့ဖျက်ဆီးပြီးတော့ ဆေးကုသပေးသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

လတ်တလော ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့  ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ကိုဗစ်လူနာတွေကို ကုသပေးမယ့် စေတနာဆရာဝန်တွေကို စစ်တပ်က လိမ်လည်ခေါ်ဆောင်ပြီး ဖမ်းဆီးခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း ကိုဗစ်လူနာတွေကို အွန်လိုင်းကနေ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ပရဟိတဆရာဝန် ဒေါက်တာကျော်ကျော်သက်ကို ဇူလိုင် ၁၃ ရက် ညအချိန်မတော်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက မတရားရိုက်နှက်ဖမ်းဆီးသွားပါတယ်။ 

ဆရာဝန်တွေအပေါ် ဖိနှိပ်မှုတွေ ဆက်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်က ပြိုလဲလုနီးပါး ဖြစ်နေလို့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဝေဒနာခံစားရတဲ့ မိသားစုတွေအတွက် အောက်ဆီဂျင်ကို အသည်းအသန်ရှာဖွေနေကြရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ  ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ ပြည်သူလူထုရဲ့ကျန်းမာ‌ရေးနဲ့ စီးပွားရေးအတွက် အကြီးအကျယ် ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ မျှော်လင့်ရကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

အခုခါ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အသစ်တဖန်ပြန်လည်ပြုပြင်ဖို့က အရင်ကထက် ပိုမိုလိုအပ်နေပြီး ကျန်းမာရေးပညာရှင်တွေကို ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ခွင့်ပေးရမှာ ဖြစ်တယ်လို့လည်း  ဇူလိုင် ၁၉ ရက်မှာ ကုလသမဂဂ္ဂက တိုက်တွန်း  ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024