Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၂ ဦး CDM တွင် ပူးပေါင်ပါဝင်လာ
DVB
·
May 17, 2021
187418518_4176774209104668_5004092289403393464_n

တွံတေးမြို့ကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေထဲက ရေတပ်သား ၂ ယောက်ဟာ စစ်ကောင်စီလက်အောက်မှာ အမှုမထမ်းချင်တော့တာကြောင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်လာကြပါတယ်။

သူတို့ကို မနေ့က အောင်အောင်မြင်မြင်ခေါ်ထုတ်လာနိုင်ပြီး ထိန်းသိမ်းထားတယ်လို့ တွံတေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ကိုယ်ပိုင်အမှတ် ရေ-၄၉၆၉၀ တပ်သား မင်းသီဟကျော်နဲ့ ရေ ၄၉၇၀၀ တပ်သား ဆလိုင်းအေးချမ်းအောင်တို့ဖြစ်ပြီး ဧရာဝတီရေတပ်စခန်းဌာနချုပ်နဲ့ ရေတပ်ပစ္စည်းထိန်းဌာနတို့က ဖြစ်ပါတယ်။

သူတို့ဟာ တွံတေးမြို့ကို ယာယီပြောင်းလာပြီး အထက ၂ မှာ တပ်စွဲနေတုန်း CDM လုပ်လာတာပါ။

"စစ်တပ်ကမဟုတ်တာတွေ လုပ်နေတဲ့အပေါ် ရွံလာလို့ပါ။ ပြီးတော့ ပြည်သူတွေ ကျနော်တို့ကို ကြည့်တဲ့အကြည့်တွေကလည်း ရွံသလိုတွေ ကြည့်နေတာတွေကြောင့် စစ်တပ်လက်အောက်မှာ ထပ်မနေချင်တော့လို့ပါ။ တပ်ထဲမှာကတော့ အရင်လိုမဟုတ်ဘူး။ ဖြစ်ချင်တိုင်းဖြစ်နေတာ" လို့ သူတို့က ပြောပါတယ်။

တပ်ထဲမှာ အပြင်ကသတင်းတွေကို သေသေချာချာမသိရဘဲ အင်တာနက်သုံးတဲ့အချိန်မှာမှ နည်းနည်း သိရတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024