မန္တးလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၂၇ရက်နေ့က အကြမ်းဖက်စစ်အုပ်စုဟာ သပိတ် ခေါင်းဆောင် ဦးစိုးမြင့်အိမ်မှာရှိတဲ့ အတွင်းပစ္စည်းတွေကို တစ်ခုချင်းယူဆောင်နေတယ်လို့ ကာယကံရှင်က ပြောပါတယ်။
အိမ်တွင်းမှာရှိတဲ့ စားပွဲ၊ အသုံးအဆောင်ပစ္စည်းတွေအပြင် ကော်ဇောတွေကိုပါ ခွာပြီးယူသွားတယ်လို့ သိရပါတယ်။ အတွင်းပစ္စည်းတွေကို တခုချင်းသယ်နေပြီး ရပ်ကွက်က တံခါးပြန်ပိတ်ပေးပါက ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက သပိတ်ခေါင်းဆောင်ဦးစိုးမြင့်ကို ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ထားပြီး အိမ်ကိုဝင်ရှာပြီး ရပ်ကွက်ကတံ ခါးပြန်ပိတ်ပေးထားတာကို အကြမ်းဖက်စစ်အုပ်စုက ပြန်မပိတ်ဖို့ပြောပြီး အိမ်တွင်းပစ္စည်းတွေကို ယူဆောင်နေတာဖြစ်ပါတယ်။