DVB Logo

မီဒီယာစောင့်ကြည့်လေ့လာမှုဆိုင်ရာ ရှင်းလင်းချက်

DVB

ဤမီဒီယာစောင့်ကြည့်လေ့လာခြင်းလုပ်ငန်းစဉ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာစစ်တပ်က ဦးစီးကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၏ ခိုင်လုံမှု၊ လုံခြုံရေးအခြေအနေများနှင့် လူထုပါဝင်မှု များကို အဓိကထား၍ ရွေးကောက်ပွဲကာလအတွင်း အချိန်နှင့်တစ်ပြေးညီ ဆန်းစစ်လေ့လာထားခြင်း ဖြစ်ပါသည်။

စောင့်ကြည့်လေ့လာမှုတွင် မီဒီယာဌာနပေါင်း (၃၁) ခုမှ ရွေးကောက်ပွဲနေ့ မနက် (၆) နာရီမှ ည (၆) နာရီအထိ သတင်းဖော်ပြချက်များကို လွှမ်းခြုံလေ့လာခဲ့သည်။ အထူးသဖြင့် မီဒီယာလွတ်လပ်ခွင့် တင်းကျပ်စွာ ကန့်သတ်ခံထားရသည့် အခြေအနေအောက်တွင် မြန်မာပရိသတ်များအတွက် အဓိက သတင်းစီးဆင်းရာနေရာဖြစ်သော Facebook လူမှုကွန်ရက်ကို အဓိကထား စောင့်ကြည့်ခဲ့ပါသည်။

သတင်းအချက်အလက် ထိန်းချုပ်မှုများ၊ အကန့်အသတ်ရှိသော သတင်းရယူခွင့်များနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်အားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည့်စုံအောင် လွှမ်းခြုံနိုင်ရန် ရည်ရွယ်ထားခြင်း မဟုတ်ပါ။

ကန့်သတ်ချက်များ

  • ယခုတွေ့ရှိချက်များသည် လေ့လာစောင့်ကြည့်ခဲ့သည့် မီဒီယာများတွင် ဖော်ပြပါရှိသော အချက်အလက်များအပေါ် အခြေခံသည့် သဘောထားညွှန်းကိန်းများသာဖြစ်ပြီး အလုံးစုံပြည့်စုံသော အချက်အလက်များ မဟုတ်ပါ။
  • ယခုဆန်းစစ်ချက်သည် လူသိရှင်ကြား ဖော်ပြထားသည့် မီဒီယာသတင်းများ (Open-source) အပေါ်တွင်သာ အခြေခံထားခြင်းဖြစ်ပြီး မြေပြင်ဖြစ်ရပ်များကို သီးခြားလွတ်လပ်စွာ အတည်ပြုထားခြင်း မရှိပါ။
  • သတင်းတင်ပြချက်များတွင် ကွဲပြားမှုများရှိနေခြင်းသည် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် အခြေအနေများထက် သတင်းမီဒီယာများ၏ တည်းဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ၊ သတင်းရယူနိုင်မှု အကန့်အသတ်များနှင့် လုံခြုံရေးအခြေအနေများကို ပိုမိုထင်ဟပ်စေနိုင်ပါသည်။

သို့ဖြစ်ပါ၍ ဤစောင့်ကြည့်လေ့လာမှုသည် ရွေးကောက်ပွဲဖြစ်စဉ် သို့မဟုတ် ရလဒ်များအတွက် အပြီးသတ် အတည်ပြုချက်အဖြစ် မဟုတ်ဘဲ၊ ရွေးကောက်ပွဲကာလအတွင်း သတင်းအချက်အလက် စီးဆင်းမှုအခြေအနေ (Information Environment) ကို နောက်ခံအကြောင်းအရာများနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရည်ရွယ်သည့် အခြေအနေအကျဉ်းချုပ် (Snapshot) အဖြစ်သာ မှတ်ယူရမည် ဖြစ်ပါသည်။

DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013