Home
မြန်မာသတင်း
မူဆယ်မြို့ရှိ ရဲကင်း ၂ ခု မီးလောင်
DVB
·
April 12, 2021
171600976_410496776664988_3781895206040423288_n

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ  မင်္ဂလာမူဆယ် ရဲကင်းနဲ့  သိန်းသန်းချီ ကားကွင်းနား ကရဲကင်း ဧပြီ ၁၁ ရက် ညနေ ၅ နာရီကျော်က  မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သိန်းသန်းချီ ကားကွင်းနားက ရဲကင်းတဲကိုတော့ အနီးနားက ပြည်သူတွေ ဝိုင်းငြှိမ်းသတ်ခဲ့ပြီး မင်္ဂလာမူဆယ်ဘက်က ရဲကင်းတဲကိုတော့ ရဲတွေရောက်လာပြီး ငြှိမ်းသတ်ခဲ့ကာ ညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းခဲ့တယ် ဆိုပါတယ်။

အဲ့ဒီရဲကင်းတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ရဲတပ်အသားအစောင့်တွေချထားခြင်းမရှိတဲ့ ရဲကင်းတွေလည်းဖြစ်ပါတယ်။ အခု မီးလောင်မှုမှာတော့ လူထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024