တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက်ဖွဲ့စည်းကြောင်းကြေညာ

လူထုရွေးချယ်အသိမှတ်ပြုထားတဲ့ အစိုးရအဖွဲ့နဲ့အတူ ပြည်ထောင်စု ဖက်ဒရယ်အခြေခံ ဥပဒေရေးဆွဲရာမှာ ပါဝင်နိုင်ဖို့အတွက် တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက်(TNC)ကို ဖွဲ့စည်းကြောင်း ဧပြီ ၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊​ မြိတ်၊​ ကော့သောင်းခရိုင်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ပါဝင်ဦးဆောင်နေသူတွေ၊ ဒေသတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နယ်ပယ်အသီးသီးက ကိုယ်စားလှယ်တွေနဲ့ ကွန်ဂရက်ကို ဖွဲ့စည်းထားလိုက်တာပါ။

"ဖက်ဒရယ်အခြေခံဥပဒေရေးဆွဲရာမှာ ကျနော်တို့ဒေသက ပြည်သူတွေရဲ့ အသံတွေ ပါဝင်နိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းတာပါ" လို့ ကွန်ဂရက် ဗဟိုကော်မတီဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH)တို့နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်လက်အားကောင်းနေစေဖို့ ၊ ပြည်သူ့ အုပ်ချုပ်ရေးစနစ် ထူထောင်နိုင်ဖို့အတွက် ကွန်ဂရက်အနေနဲ့  ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up