DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းပြန်စရန် ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း
DVB
·
May 23, 2024
မြစ်ဆုံစီမံကိန်းပြန်စရန် ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း
1 / 2
Donate to DVB

ဦးသိန်းစိန်လက်ထက်မှာ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် လက်ထက်မှာ ပြန်လည်စတင်ဖို့ ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၄ ခုနှစ် မေ ၁၇ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်လိုက်တာပါ။

အဖွဲ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး (အဖွဲ့ခေါင်းဆောင်)၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီး (ဒုတိယအဖွဲ့ခေါင်းဆောင်) အပါအဝင် အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့အနေနဲ့ SPIC Yunnan International Power Investment Co.,Ltd (SPICYN) ဦးဆောင်အဖွဲ့နဲ့ ပူးပေါင်းပြီး စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်ဖို့၊ SPICYN ဦးဆောင်အဖွဲ့နဲ့အတူ စီမံကိန်းရဲ့ အဓိကကိစ္စရပ်တွေအပေါ် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့တို့ကို လမ်းညွှန်ပေးတာ၊ ဆုံးဖြတ်ချက်ချမှတ်ပေးတာ ဆောင်ရွက်ဖို့၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို တင်ပြဖို့၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အစိုးရကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်တာမှာ အထောက်အကူပြုနိုင်ရေး စတဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဦးသန်းရွှေလက်ထက် ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းဟာ ကန့်ကွက်မှုတွေ များတဲ့အတွက် ဦးသိန်းစိန်လက်ထက်မှာ သူ့အစိုးရသက်တမ်းကာလအတွင်း ရပ်ဆိုင်းထားမယ်လို့ ကြေညာကာ ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့်အကွာမှာ တည်ရှိပြီး ဧရာဝတီမြစ် စတင်မြစ်ဖျားခံတဲ့ မေခ၊ မလိခ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ နီးပါးထုတ်နိုင်တဲ့ ဆည် ၇ ခု တည်ဆောက်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013