Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကကျင်းပသည့် မွန်ပြည်နယ်နေ့အခမ်းအနား ပြည်သူများမတက်ရောက်
DVB
·
March 19, 2021
162481016_1559322891065307_8619121981320148756_n
161985776_1559322807731982_725239406372412621_n
161495482_1559322841065312_6732041976863010802_n
160782341_1559322914398638_2625997588390922406_n
160653654_1559322761065320_2896767971444870866_n

မတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၄၇ ကြိမ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို အကြမ်းဖက် စစ်ကောင်စီက စီစဉ်ကျင်းပခဲ့ရာမှာ ပြည်သူလူထုတွေက တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဒီအခမ်းအနားကိုတော့ မော်လမြိုင်က  ပြည်နယ်ခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်နယ်အဆင့်ကော်မတီဝင်တွေနဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်ထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။

မွန်ပြည်နယ်နေ့ အခမ်းအနားကိုတော့ အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သလွှာဝဏ်ပေးပို့ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ သလွှာဝဏ်မှာတော့ နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်း ခိုင်ခိုင်မာမာ လျှောက်နိုင်ရေးအတွက် ကြိုးပမ်းတည်ဆောက်နေတယ်လို့ ဆိုထားပါတယ်။

ထူးခြားမှုအနေနဲ့ ဒီနှစ်မှာ ကျရောက်တဲ့ မွန်ပြည်နယ်နေ့ အခမ်းအနားကို ပြည်သူတွေ တက်ရောက်လာခြင်း မရှိသလို CDM မလုပ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်း ၄၀၀ လောက်နဲ့သာ ကျင်းပခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024