DVB Logo
Home
သတင်းဓာတ်ပုံ
ဗုံးကွဲမှုနှင့် ပတ်သက်ပြီး လူ ၈ ဦးကို ထိန်းသိမ်း
DVB
·
October 18, 2013
ဗုံးကွဲမှုနှင့် ပတ်သက်ပြီး လူ ၈ ဦးကို ထိန်းသိမ်း
Donate to DVB

မြန်မာနိုင်ငံ မြို့ကြီးအချို့မှာ ဗုံးကွဲခဲ့မှုတွေနဲ့ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဗုံးပေါက်ကွဲမှု စုံစမ်းစစ်ဆေး ရရှိမှု အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ဇော်ဝင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ကျောထောက်နောက်ခံ  စီးပွားရေးသမားတဦးက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေ ၀င်ရောက်တာကို နှောင့်ယှက်လိုတဲ့ သဘောနဲ့ လုပ်တာလို့ ပြောသွားပါတယ်။

အဲဒီစီးပွားရေးသမားဟာ မန္တလေးနဲ့ စစ်ကိုင်းမှာ ကိုယ်တိုင်မိုင်းထောင်ခဲ့တဲ့ နေတိုး (ခ) စောရွှေထူးဖြစ်ပြီး သူကတဆင့် စောမြင့်လွင့်ကို ခိုင်းစေခဲ့တာဖြစ်ကြောင်းနဲ့ နေတိုးဟာ အခုလက်ရှိ တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွဲဖက် အတွင်းရေးမှူး ၁ ပဒိုသောသီဘွဲက “အခုခေတ်မှာ စီးပွားရေး လုပ်ကိုင်နေတာ အများကြီးရှိတာပဲ။ သို့သော် စီးပွားရေးသမားတွေ ထဲမှာကတော့ ကေအန်ယူကနေ စေခိုင်းတာမျိုး ကေအန်ယူကနေ တာဝန်ပေးတာမျိုး တယောက်မှ မရှိပါ။ အဓိကက စောနေတိုး ခိုင်းတာပဲ ပြောပြော စောမြင့်လွင်က ဘယ်ကလူလဲ၊ ဘယ်အရပ်ဒေသကလဲ အဲဒါမျိုးတွေ သိရှိဖို့လိုတယ်။ သို့သော် ကျနော်တို့က ပြောထားပြီးပြီ စောမြင့်လွင်ဆိုတာ တပ်မဟာ (၅) မှာ မရှိဘူး။ ကျနော်တို့ စုံစမ်းခဲ့ပြီးပြီ” လို့ ပြောပါတယ်။

မန္တလေး ချမ်းမြသာစည်နဲ့ ရန်ကုန် ၀ပ်စတန်းမှာ သိမ်းဆည်းရမိတဲ့ ဗုံးတွေကို ပြသထားပြီး ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မရှိကြဖို့လည်း ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲတွေနဲ့ မပတ်သက်ဘူးလို့ ပြောသွားပါတယ်။

ဒါ့အပြင် ရဲချုပ်က ဗုံးပေါက်ကွဲမှုတွေကနေ ကာကွယ်နိုင်ဖို့ လုံခြုံရေးကို တိုးမြှင့်သွားမှာဖြစ်ကြောင်းနဲ့ လုံခြုံရေးဆက်စပ် ပစ္စည်းတွေကို ကျပ်ငွေ ၆ ဘီလီယံ အကုန်ကျခံပြီး ဒီလကုန် ၀ယ်ယူသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဗုံးပေါက်ခွဲမှု ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နယ်စပ်ဒေသတွေမှာ လုံခြုံရေး တိုးမြှင့်တာတွေနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧည့်စာရင်း စစ်ဆေးတာတွေနဲ့ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မူဆယ် ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် တာချီလိတ်မှာလည်း ရဲ၊ ပြည်သူစစ်နဲ့ စစ်တပ်တွေပူးပေါင်းပြီး အိမ်တွေမှာ ဧည့်စာရင်း စစ်ဆေးနေတယ်လို့ တာချီလိတ်မြို့ခံတဦးက အခုလို ပြောပါတယ်။

“၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ ရပ်ကွက်တိုင်းလိုလိုမှာ အင်အား ၄၀ လောက်ရှိတယ်။ ရပ်ကွက်က ၂ ယောက်ပါတယ်။ ရဲက ၅ ယောက်လောက်ပါတယ်။ ပြည်သူ့စစ်က ၃ ယောက်လောက်ပါတယ်။ မီးသတ်ကလည်း ၃ ယောက်လောက်ပါတယ်။ လ၀က ၂ နှစ်ယောက်ရယ်၊ ကျန်တာတွေကတော့ အကုန်လုံး စစ်တပ်ကချည်းပဲ။ ရပ်ကွက်တိုင်းလိုလို ဧည့်စာရင်းစစ်သလိုလုပ်တယ်။ လူများတဲ့အိမ်ဆို ဓာတ်ပုံရိုက်တယ်။ အိမ်တန်းလျားတွေကိုလည်း ဓာတ်ပုံရိုက်တယ်။ ဧည့်စာရင်းမတိုင်ထားဘူးဆိုရင်လည်း ချက်ချင်း သွားတိုင်ခိုင်းတယ်၊ ဖမ်းတာတော့ မဟုတ်ဘူး။” Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013