
ကချင်ပြည်နယ် ဝိုင်းမော်မြို့မ ရဲစခန်းမှ ရဲတပ်သား သုံးဦးဟာ စစ်အာဏာရှင်လက်ထက် တာ၀န်ထမ်းဆောင်လိုစိတ်မရှိတော့တာကြောင့် ပြည်သူနဲ့ အတူရပ်တည်လိုတဲ့အတွက် CDM မှာ ပါ၀င်လိုက်ပြီလို့ ရဲတပ်သား ဘုန်းမြတ်ဇော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။
အဆိုပါရဲတပ်သားသုံးဦးမှာ တပ်သား ဘုန်းမြတ်ဇော်၊ တပ်သားမျိုးဇော်ထွန်းနဲ့ ရဲတပ်သား ရာဇာထွန်းနိုင်တို့ဖြစ်ပါတယ်။
အခုလို CDM ပြုလုပ်ခြင်းဟာ ရဲတပ်ဖွဲ့ကို သစ္စာဖောက်တာ၊ ထွက်ပြေးတာ မဟုတ်ဘဲ မိမိတို့ ရွေးကောက်တင်မြှောက်ခံ ပြည်သူ့အစိုးရ အာဏာရရှိမှ ပြန်လည်တာ၀န်ထမ်းဆောင်သွား မယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
ဝိုင်းမော်မြို့မှာ စစ်အာရှင်အလိုမရှိကြောင်း ဆန္ဒပြရာမှာ ပြည်သူနဲ့ ရဲထိပ်တိုက်တွေ့ဆုံ ပေမယ့်လည်း ထိခိုက်ဒဏ်ရာတော့ မရှိသေးပါဘူး။