DVB Logo
Home
အာရှဒေသ
အမည်မရှိတဲ့ လမ်းတွေ ရှိတဲ့နေရာ
DVB
·
September 23, 2013
အမည်မရှိတဲ့ လမ်းတွေ ရှိတဲ့နေရာ
Donate to DVB

ရာဟင်းခတ်ဆာရဲ့ အလုပ်က နေ့စဉ် စက်ဘီလေး ၁ စီးနဲ့ စာတွေ လိုက်ဝေရပါတယ်။ သူ့ အသက်က ၄၆ နှစ်ပါ။ လုပ်သက်က ၁၀ နှစ် ရှိပါပြီ။
“ဒီ ပါဆယ်ထုပ်က ဒတ်ထ်အီဘာရှီခရိုင် ဂရေ့ဗ်လမ်းက မစ္စတာ ဂူလမ်နာဘီဆီကို အီရန်ကနေ ပို့လိုက်တာပါ။ အဲဒီလမ်းက လူသိမများပါဘူး။ ပါဆယ်ထုပ်မှာ တိကျတဲ့ အိမ်နံပါတ်လည်း မပါပါဘူး။ ဒီလိပ်စာကို ကျနော် ရှာလို့တွေ့မယ်လို့တော့ မျှော်လင့်တာပါပဲ” လို့ ရာဟင်းခတ်ဆာက ပြောပါတယ်။

သူက လိပ်စာကိုရှာဖို့ သူ့ဘိုင်စကယ်လေးနဲ့ နေပူထဲမှာ ထွက်သွားပါပြီ။ မကြာခဏ ဆိုသလို လမ်းမေးဖို့ သူက ရပ်ရပါတယ်။ ဈေးသည်တယောက်က သူအခု ဂရေ့ဗ်လမ်းပေါ်ရောက်နေပြီလို့ ပြောပါတယ်။ ဒါပေမယ့် ရှာနေတဲ့ မစ္စတာ ဂူလမ်နာဘီအိမ်ကို သူမသိပါဘူး။

တွေ့တဲ့လူကိုမေး၊ အိမ်တွေကို တံခါးတွေလည်းခေါက်၊ ဒါပေမယ့် ဂူလမ်နာဘီ ရဲ့ အိမ်ကိုတော့ အခုထိရှာလို့ မတွေ့သေးပါဘူး။ ၁ နာရီလောက်ကြာပြီး နောက်ဆုံးမှာတော့ ရှာနေတဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ်။
စာပို့သမား မိုဟာမက် ရာဟင်းခတ်ဆာက ဒါက ပုံမှန်စာဝေတာပဲဖြစ်တယ်လို့ ပြောပါတယ်။

“ဥပမာဗျာ။ ကျနော်တို့ အမေရိကန်ကနေ စာတစောင် လက်ခံရရှိတယ်ဆိုပါတော့။ စာအိတ်ပေါ်မှာ အဲဒီစာက ဒတ်ထ်အီဘာရှီက မိုဟာမက်ဟူစိန်ကို ပေးရမယ်လို့ ရေးထားတယ်ဗျာ။ အားလုံး အဲဒါပဲ ပါတယ်။ ဒါပေမယ့် ဒတ်ထ်အီဘာရှီက နေရာကျယ်တယ်ဗျ။ လိပ်စာအတူတူမှာ နာမည်တူတဲ့လူတွေ ထောင်နဲ့ ချီနေတဲ့အခါ လိပ်စာကို ကျနော်တို့က ဘယ်လိုရှာနိုင်မလဲဗျာ။”
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ စာပို့သမား နူးရ်မိုဟာမက်က စာပို့လုလင် လုပ်လာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ တခါက စာတစောင်ဝေဖို့ သူ ၅ ရက် ကြာခဲ့တယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ လိပ်စာကိုရှာပြီး စာပို့ပေးဖို့ ရက်အတော်လေး ကြိုးစားပြီး ရှာခဲ့ပါတယ်။ တကယ်လို့ လိပ်စာကို ကျနော်တို့ ရှာမရရင် ဒီစာကို စာပို့တဲ့သူဆီ ပြန်ပို့ပေးပါတယ်။ အဲဒီလို ကျနော် အကြိမ်အများကြီး လုပ်ခဲ့ရတာပေါ့ဗျာ။”
ကျေးလက်ဒေသက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာတဲ့သူတွေနဲ့ အလုပ်လာရှာတဲ့လူတွေကြောင့် ကဘူးလ်ရဲ့ လူဦးရေဟာ ၅ သန်းအထိ တိုးများလာခဲ့ပါတယ်။ အခု အစိုးရက ဖွဲ့စည်းပုံစနစ်တခုကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။ သူတို့က လမ်းတွေနဲ့ အိမ်တွေ အားလုံး အမှတ်အသား၊ နံပါတ်နဲ့ ဂျီပီအက်စ်စနစ်သုံး ပြည့်စုံတဲ့ လိပ်စာစနစ်တခုကို လုပ်ဖို့ ပြင်ဆင်နေပါတယ်။

စာပို့လုပ်ငန်းရဲ့ အကြီးအကဲ မိုဟာမက် နာဆင်းမ်ရာဟီမိက “ဒီ စီမံကိန်းကို အကောင်အထည် ဖော်မယ်ဆိုရင် အနာဂတ်ကာလမှာ လိပ်စာအားလုံးနဲ့ မြေပုံတွေ အားလုံးကို ပြုပြင်ရတော့မှာပါ။ ကျနော်တို့ရဲ့ စာပို့သမားတွေ အားလုံးမှာ မြေပုံတွေ အဆင်သင့်ရှိရပါမယ်။ ဒါဆိုရင် လိပ်စာတွေ ရှာဖို့ ပြဿနာရှိမှာ မဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။

စာပို့သမား နိုက် မူဟာမက် နဲ့ သူ့လုပ်ဖော်ကိုင်ဘက်တွေက အဲဒီအချိန်ကို မျှော်နေကြပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013