DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ထိုင်း-မြန်မာနယ်စပ်တွင် ရာဘဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိ
DVB
·
September 23, 2013
ထိုင်း-မြန်မာနယ်စပ်တွင် ရာဘဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိ
Donate to DVB

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ရာဘခေါ်စိတ်ကြွဆေးပြား အလုံးရေ ၁ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေးဝါး ၃ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ရာဘ စိတ်ကြွဆေးပြား ၁ သန်း ၅ သိန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၃ ကီလိုဂရမ် မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောဆိုလိုက်တာပါ။

အဲဒီမူးယစ်ဆေးဝါးတွေကို စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၄ နာရီကျော်က မြန်မာနယ်စပ်နဲ့ ၂ ကီလိုမီတာအကွာ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဒုရဲမှူးကြီး နီုင်းဖုန်းဆဖတ် ဖုန်းကျရုန်းက သတင်းထောက်တွေကို ပြောပါတယ်။

photo by thairathမန်မာနယ်စပ်ကနေ မူးယစ်ဆေးဝါး အမြောက်အမြား ၀င်လာဖို့ရှိတယ်လို့ ကြိုတင်သတင်းရထားချက်အရ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ၀င်ရောက်လာမယ့် လမ်းကြောင်းနဲ့ အဲဒီအနီးတ၀ိုက် ကျေးရွာအုပ်စုတွေထဲ တာဝန်ကျရဲတပ်ဖွဲ့တွေ သတိထား စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက်စောစောက မယ်ဆိုင်မြို့နယ် ပုံငမ်းကျေးရွာအုပ်စုကနေ လမ်းမကြီးပေါ်အရှိန်နဲ့ ဦးတည်မောင်းနှင်လာတဲ့ မသင်္ကာဖွယ်ရာ တိုယိုတာပစ်ကပ်ကားကို တားဆီးစစ်ဆေးရာမှာ ကားနောက်မှီဆိုဖာထဲ မြှပ်ထည့်ထားတဲ့ ရာဘဆေးပြား စုစုပေါင်း အလုံးရေ ၁ သန်းနဲ့ ၂ သိန်းကို တွေ့ရှိခဲ့တယ်လို့ ပြောတယ်။

မနက် ၅ နာရီလောက်မှာလည်း ချင်းရိုင်းခရိုင် ကော်ချန့်မြို့နယ် ဖဟွန်ယိုးထင်း လမ်းမကြီးပေါ်မှာ တိုယိုတာကား ၁ စီးပေါ်က ရာဘဆေးပြား ၃ သိန်း ၂ သောင်းနဲ့ အိုက်စ်ဆေး ၃ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အဲဒီကားကို မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းကျေးရွာအုပ်စုထဲကနေ မသင်္ကာတဲ့အတွက် တာဝန်ရှိရဲတွေက အနောက်က ထက်ချပ်မကွာလိုက်လာခဲ့ပြီး တနေရာအရောက်မှာ ကားဘီးကို သေနတ်နဲ့ ပစ်ဖောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ အဆိုပါ ကား ၂ စီးလုံးဟာ တဂိုဏ်းတည်းဖြစ်ပြီး ပုံငမ်းကျေးရွာအုပ်စု ဘန့်ထမ့်ပုန်တောင်ပေါ်ရွာက အခါလူမျိုး ၆ ဦးဆီက သယ်ဆောင်ခဲ့တာ လို့ ပြောပါတယ်။

ဒီမူးယစ်ဆေးတွေကို ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထပူရီခရိုင် ဘန်ပိုထောင်းန်မြို့နယ်ကို ပို့ဆောင်ပေးဖို့ဖြစ်ပြီး သယ်ပို့ခ ဘတ် ၃ သိန်းရမှာဖြစ်ကြောင်း၊ စရန်ငွေ ဘတ် ၁ သိန်းပေးချေထားပြီးကြောင်း၊ ၀ီးအွတ်စ်ကားငယ်က ရှေ့ကနေ အရင်သွားကြောင်း၊ ကင်းစောင့်တာတွေ့ရင် ဖုံးဆက်အချက်ပေးပြီး တခြားလမ်းကနေ ကွေ့ပတ်ရှောင်ပြီး မောင်းထွက်ရာမှာ ဘန့်ထမ့်ဂိတ်အထိ လွတ်မြောက်ခဲ့တယ်လို့ ကားမောင်းသူ ၂ ဦးက ဖွင့်ဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိကျစ်ခရိုင် မှတ်ပုံတင်ကိုင်ဆောင်သူ နိုင်းဝရာယုဒ် ယွမ်းဆီ အသက် ၃၅ နှစ်နဲ့ မယ်ဆိုင်မြို့နယ်က ၁၀ နှစ်နေခွင့်ရ တောင်ပေါ်သားကတ် ကိုင်ဆောင်သူ နိုင်းဆုမ်ဖုန်းယိဒဲင်း အသက် ၂၅ နှစ်တို့ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်တဲ့ ဆက်နွယ်သူတွေကို ဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပြားတွေဟာ တံဆိပ်အမျိုးမျိုးနဲ့ တွေ့ရပေမယ့် ပုံစံမှာတော့ ထုတ်လုပ်တဲ့နေရာ တခုတည်းကလို့ယူဆရကြောင်း၊ မယ်ဆိုင်မြို့နယ်ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် အထူးသတိထားစောင့်ကြည့်ရမယ့်နယ်မြေဖြစ်ကြောင်း ပြောပါတယ်။

မူးယစ်ဆေးတွေဟာ မယ်ဆိုင်တဘက်ကမ်း တာချီလိတ်ခရိုင်က လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယိဆေး ထိန်းချုပ်နယ်မြေကနေ ဖြတ်သန်းခဲ့တာဖြစ်ပြီး သူ့ကိုလည်း ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုနဲ့ ဘတ် ၅ သန်းအထိ အသေရရ၊ အရှင်ရရ ဆုငွေထုတ်ထားတယ်လို့ ဒုရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013