DVB Logo
Home
နိုင်ငံရေး
တပြည်လုံး အပစ်ရပ် ကြေညာပေးရန် တောင်းဆို
DVB
·
September 22, 2013
Donate to DVB

တပြည်လုံး အပစ်ခတ်ရပ်စဲရေးနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေ ကြေညာပေးဖို့ တောင်ကြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကယန်းပြည်သစ်ပါတီ ကိုယ်စားလှယ်က တောင်းဆိုလိုက် ပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စက်တင်ဘာ ၂၂ ရက်နေ့ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ ကယန်းပြည်သစ်ပါတီရဲ့ကိုယ်စားလှယ် ဗိုလ်မှူးစောလွင်က တင်ပြ တောင်းဆိုလိုက်တာပါ။

“လက်တွေ့လုပ်ငန်းစဉ် ၇ ရပ်ကို တင်ပြတယ်။ ငြိမ်းချမ်းရေး လက်တွေ့လုပ်ငန်းစဉ် ၇ ရပ်က ၁ အချက် တပြည်လုံး အပစ်ခတ်ရပ်စဲရေး၊ ဒါကို နိုင်ငံတော်သမ္မတက တာဝန်ယူပြီး ကြေညာပေးရမယ်။ ဒုတိယအချက်အနေနဲ့ ရရှိပြီး အပစ်အခတ်ရပ်စဲမှု ခိုင်မာရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ သမာသမတ်ရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့ဖွဲ့ပြီး စုပေါင်း အကောင်အထည်ဖော်ရမယ်။ နံပါတ် ၃ အချက်က အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဖြစ်ပါတယ်။ ဒါက နိုင်ငံတော်သမ္မတက တာဝန်ယူလုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။”
စက်တင်ဘာ ၂၁ ကနေ ၂၃ အထိ ကျင်းပနေတဲ့ ဆွေးနွေးပွဲကိုတော့ တိုင်းရင်းသားအဖွဲ့စုံနဲ့ ပါတီစုံက တက်ရောက်နေပြီး ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေ ဖော်ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်မှူးစောလွင်က ပြောပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအပေါ်မှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု ရလဒ်ကောင်းတွေကို ဖော်ထုတ်ပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ရှမ်း၊ ကယား၊ မွန် ပြည်နယ်တွေလို့ အမည်ခံထားပေမယ့် တကယ့်လက်တွေ့မှာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ပြည်မပါမကျန် ပြည်နယ်ပေါင်းစုံ နိုင်ငံရေးပါတီ အပစ်ရပ်အဖွဲ့တွေရဲ့ အမြင်သဘောထားတွေကို လွတ်လွတ်လပ်လပ် တင်ပြကြတယ်။ ဒါဟာ ငြိမ်းချမ်းရေး ဖြစ်ပေါ် တိုးတက်ရေးအတွက် အကောင်အထည်ဖော်နေတဲ့ လမ်းမှာ အင်မတန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပေးနိုင်မှာပါ။”
ဒီပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဆွေးနွေးမှုတွေ အောင်မြင်အောင် တဖက်က နှိုးဆော်ပြီးတော့ လူတွေရဲ့နိုးကြားမှုတွေ ပိုပြီး တိုးတက်အောင်လုပ်ဖို့က လူငယ်မျိုးဆက်တွေ ဖြစ်နိုင်တယ်။ နောက်ပြီး သတင်းမီဒီယာတွေရဲ့ စိတ်စေတနာလည်းပါတယ်။” လို့ ပြောပါတယ်။

ဆွေးနွေးပွဲ တက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ် ပဒိုမန်းငြိမ်းမောင်က “နိုင်ငံရေးအမြင်သဘောထားတွေကို အကုန်လုံး ကြားနာရမှာဖြစ်ပါတယ်။ အဲဒီလို ကြားနာရတဲ့အတွက် ကျနော်တို့အမြင်တွေ ဖလှယ်ရင်း ဆုံးဖြတ်ချက်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကို အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေစတဲ့ အဖွဲ့ပေါင်း ၅၀ ကျော်က တက်ရောက်နေပြီး အစည်းအဝေးက ဒီနေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/TaungGyi/] Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013