Home
မြန်မာသတင်း
နွားထိုးကြီးစည်ပင်ဈေးအနီး ရပ်ထားသည့်ကားပေါ် လူ ၁ ဦးသေဆုံး၊ ကိုဗစ်-၁၉ ပိုးမတွေ့
DVB
·
December 3, 2020
127932228_2772983549685807_1942629460230734871_n
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ စည်ပင်သာယာစျေးအနီးရပ်ထားတဲ့  ဆပ်ပြာမှုန့်ကုမ္ပဏီ ကားပေါ်မှာ သေဆုံးနေသူကို  RDT စနစ်နဲ့စစ်ဆေးရာမှာ  ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ မြို့နယ်ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာအောင်ကျော်ဦးက ပြောပါတယ်။ သေဆုံးသူဟာ မန္တလေး ချမ်းမြသာစည်မြို့နယ် မနော်ဟရီမြို့သစ်၊ အောင်သာယာရပ်ကွက်နေသူ ဦးဆန်းဌေးအောင်ဆိုသူဖြစ်ပြီး နှလုံးသွေးကြောပိတ်သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ နွားထိုးကြီးမြို့ စည်ပင်သာယာစျေးကြီးအရှေ့ဘက်တန်းမှာ ဆပ်ပြာမှုန့်ကုမ္ပဏီရဲ့ ကားတစ်စီးပေါ်မှာ လူတစ်ယောက်သေဆုံးနေကြောင်း သတင်းအရ နွားထိုးကြီးရဲတပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာရေးဌာနနဲ့ We Love Natogyi အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ပါတယ်။ သေဆုံးသူမှာ ကားဒရိုင်ဘာဖြစ်ပြီး ဆပ်ပြာမှုန့်ကုမ္ပဏီကားဟာ ဒီဇင်ဘာ ၂ ရက်နေ့မနက်ကမှ နွားထိုးကြီးရောက်လာကာ  နေ့လည် ၂ နာရီလောက်မှာ  ကားဆရာ သေဆုံးနေတာကို တွေ့ရတာလို့ အရောင်းတာဝန်ခံ ကပြောပါတယ်။ ကုမ္ပဏီက အရောင်းတာဝန်ခံကတော့  စျေးထဲဝင် ပစ္စည်းစာရင်းကောက်ယူနေစဉ် ယာဉ်မောင်းဖြစ်သူက  ကားခေါင်းခန်းထဲမှာ ထိုင်လျက် သေဆုံးနေတာဖြစ်ပါတယ်။ သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိရပေမယ့်လည်း မြို့စည်ပင်နဲ့ ပရဟိတ အသင်းတွေက စည်ပင်စျေးအတွင်းနဲ့ စျေးပြင်ကို စျေးသိမ်းပြီးချိန်မှာ ပိုးသတ်ဆေးဖြန်းကာကွယ် ပေးခဲ့ကြတယ်လို့ မြို့စည်ပင် ကော်မတီ ဥက္ကဋ္ဌ  ဦးသန်းထိုက်အောင်က ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ စံပြစျေးအနီးမှာလည်း  ပြီးခဲ့တဲ့ညသန်းခေါင်ကျော်  ၁၂ နာရီ ၁၅ မိနစ်အချိန်လောက်က အမျိုးသမီး တစ်ဦးသေဆုံးနေတာကိုတွေ့ရှိခဲ့တယ်လို့ မြင်းခြံ နာရေးကူညီမှုအသင်းက သိရပါတယ်။ သေဆုံးသူအမျိုးသမီးကို မြင်းခြံဆေးရုံကြီးသို့ပို့ဆောင်ထားပြီး အဆိုပါ အမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါ  ရှိ/မရှိဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ သတင်း- ဇာဇာမောင်(CJ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024