DVB Logo
Home
မြန်မာသတင်း
မြောက်ဦး စစ်ဘေးရှောင်စခန်း ၅ ခုရှိ လူ ၁၀၀ ကျော်ကို ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ပိုးမတွေ့
DVB
·
September 2, 2020
မြောက်ဦး စစ်ဘေးရှောင်စခန်း ၅ ခုရှိ လူ ၁၀၀ ကျော်ကို ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်း ၅ ခုမှာ စစ်ဘေးရှောင် ၁၀၀ ကျော်ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာရယူ စစ်ဆေးချက်တွေအားလုံး ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိဘူးလို့ မြောက်ဦး ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။

မြောက်ဦးမြို့ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက "စစ်ဘေးရှောင်စခန်း ၅ ခုကနေ ရောဂါပိုးတွေရှိသူတွေနဲ့ ထိတွေခဲ့ကြသူ ၁၀၀ ကျော်ရဲ့ နှာခေါင်းနဲ အာခေါင်တို့ဖတ်တွေကို စစ်ဆေးရာမှာ ကံကောင်းစွာပဲ အားလုံးမှာ ရောဂါပိုး မတွေ့ရှိရပါဘူး။ သူတို့အားလုံးကိုတော့ ဒုတိယအကြိမ်ပြန်စစ်ဆေးရမှာပါ"လို့ ပြောပါတယ်။

လက်ရှိတွင် ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ စစ်ဘေးရှောင်စခန်း ၅ ခု မှ လူ ၁၀၀ ကျော်ကို အဆိုပါ စစ်ဘေးရှောင်စခန်းတွေရှိ သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ Quarantine နေထိုင်ခိုင်းထားကြောင်း စစ်ဘေးရှောင်စခန်းတွေမှ သိရပါတယ်။

လက်ရှိ မြောက်ဦးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၈ ဦးအထိ ရှိနေပြီး ဒီအထဲက ၂ လသား ကလေး ၁ ဦး၊ ၆ လသား ကလေး ၁ ဦး၊ ၂ နှစ်အရွယ်ကလေး ၁ ဦးနဲ့ ၇ နှစ်အရွယ် ကလေး ၁ ဦးပါရှိကြောင်း ဆရာဝန်ကြီးက ဆက်ပြောပါတယ်။

"အသက် ၇ နှစ်အရွယ်ပိုးတွေ့လူနာရဲ့ဖခင်က မြောက်ဦးဆေးရုံက ဆရာဝန်ဖြစ်တယ်။ ဖခင်ကိုယ်တိုင်ပိုးတွေ့ထားတော့ ကလေးကို ကိုယ်တိုင်ပြုစုနိုင်တယ်။ ဒါပေမဲ့ အသက် ၂ နှစ် အရွယ်ပိုးတွေ့တဲ့ကလေးရဲ့ အမေကျတော့ Negative ဗျ။ သူမကိုကျတော့ ၄၈ နာရီအတွင်း ပြန်ပြီးစစ်ဆေးရတယ်။ ကလေးကအသက်မပြည့်ရင် မိခင်ကိုပါထားရပါတယ်။ နောက် ၂ လသား ကလေးနဲ့ ၆ လသားအရွယ် ကလေးတွေကိုပါ တစ်ဦးတည်းထားလို့ မရတာကြောင့် အမေတွေကိုပါ ကလေးတွေနဲ့အတူထားရတယ်။ ကလေး ၄ ဦးစလုံးကတော့ အားလုံး ကျန်းကျန်းမာမာပါ" လို့ မြောက်ဦးမြို့ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ဒီဗွီဘီ ကိုပြောပါတယ်။

မြောက်ဦးမြို့ပြည်သူဆေးရုံမှာ ကိုဗစ်လူနာ ၂၅ ဦးအထိသာ ဆေးကုသနိုင်တဲ့အတွက် အရင်ဆေးရုံဟောင်းမှာ လူနာ ၅၀ အထိ ဆေးကုသနိုင်အောင်  ဆောင်ရွက်ထားရှိပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013