Home
မြန်မာသတင်း
ပဲခူးဆေးရုံ၌ သေဆုံးသွားသည့် စောင့်ကြည့်လူနာအမျိုးသမီးတွင် ကိုဗစ်-၁၉ ပိုးမတွေ့ 
DVB
·
June 9, 2020
101699933_651216665463545_122188396196248764_n
ပဲခူးဆေးရုံမှာ သေဆုံးသွားတဲ့ စောင့်ကြည့်လူနာအမျိုးသမီးကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာမှာ  ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိကြောင်း ပဲခူးဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဇွန်လ ၅ ရက် မနက် ၁၀ နာရီလောက်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကပင်ရွာ နေထိုင်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လည်ပင်းနာရောင်ရမ်းနေပြီး အသက်ရှုရခက်ခဲ မောနေတဲ့အတွက် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသရာ နား၊ နှာခေါင်း လည်ချောင်းကုသဆောင်မှာ  အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ပါတယ်။ ဒါပေမဲ့ မသက်သာတဲ့အတွက် ဇွန်လ ၆ ရက် မနက်အစောပိုင်းမှာ သမားတော်က ထပ်မံစမ်းသပ် ကြည့်ရှုခဲ့ရာ အဆုတ်ရောင်နေတဲ့ လက္ခဏာတွေ့ရှိရတဲ့အတွက် ဓာတ်ခွဲ/ဓာတ်မှန် စစ်ဆေးခဲ့ပြီး Bago CCM Team မှ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခဲ့ပြီး လူနာထံမှ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး NHL ကို ပို့ဆောင်ခဲ့ပါတယ်။ ဓာတ်ခွဲနမူနာအဖြေမှာ ကိုဗစ်-၁၉ ရောဂါ မတွေ့ရဘဲ အခုသေဆုံးရတာကတော့ သွေးအဆိပ်တက်တာ၊ အဆုတ်ရောင်တာ အပြင် လည်ချောင်နာတဲ့ ရောဂါတွေကြောင့် သေဆုံးရတာလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ သတင်း- အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024