DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် ရေကြီး
DVB
·
August 6, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် ရေကြီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းတဲ့အတွက် အေဒီချောင်းရေကြီးပြီး လားရှိုး-မူဆယ်သွား  အဝေးပြေးကားလမ်းမကြီးပေါ် ၂ ပေလောက်အထိ လျှံတက်လာတယ်လို့ ရေကြီးတဲ့နေရာမှာ သတင်းယူနေတဲ့ ဒီဗွီဘီအလွတ်သတင်းထောက် ဦးခင်ဇော်ဦးက ပြောပါတယ်။

“အေဒီချောင်းကနေ ရေလျှံပြီးမှ မူဆယ်-လားရှိုး သွားတဲ့ကားလမ်းကို ရေတွေကျော်သွားတာ။ ၄ ရက်နေ့က မိုးရွာတယ်၊ ၅ နေ့က ဖြစ်သွားတာ။ ကားတွေ ရာနဲ့ချီပြီးတော့ ပိတ်မိနေတယ်၊ မူဆယ်ဘက်ကနေ လာတဲ့ကားတွေရော၊ မန္တလေးဘက်က တက်လာတဲ့ ကားတွေရော၊ လားရှိုးဘက်က ထွက်တဲ့ကားတွေရော ရာနဲ့ချီပြီးတော့ ပိတ်မိနေတယ်။”

ရေလွှမ်းတဲ့နေရာကို မီးသတ်တပ်ဖွဲ့၊ လုံခြုံရေးရဲနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ရောက် လာပြီး ခရီးသွားပြည်သူတွေ သွားလာနိုင်ဖို့ ကြီးကြပ်ကူညီပေးနေတယ်လို့ ဆိုပါတယ်။ေ

အဒီချောင်းအနီးတ၀ိုက်  ၁၂ ရပ်ကွက်ထဲမှာရှိတဲ့ စိုက်ခင်းတွေထဲလည်း ရေ၀င်နေပြီးပျက်စီးဆုံးရှုံးမှုတော့ မသိရဘူးလို့ ပြောပါတယ်။

ဩဂုတ် ၆ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျသွားပေမယ့် ယာဉ်ကြောပိတ်ဆို့နေတုန်းပဲလို့ နမ့်ခမ်းမန်းကားဂိတ် တာဝန်ကျဝန်ထမ်းတဦးက ပြောပါတယ်။

အဲဒီနေရာဟာ မနှစ် ဩဂုတ်လတုန်းကလည်း ရေလွှမ်းမိုးမှုဖြစ်ပြီး လူ ၁ ဦး ရေထဲမျှောပါ သေဆုံးခဲ့ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013