DVB Logo
Home
မေးမြန်းခန်း
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာဖို့ ပိုရှိမယ်-ဦးညိုအုန်းမြင့်
DVB
·
July 22, 2013
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာဖို့ ပိုရှိမယ်-ဦးညိုအုန်းမြင့်
Donate to DVB

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ရန်ကုန်ငြိမ်းချမ်းရေး စင်တာမှာ ပထမဆုံးအကြိမ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးမှုဟာ ၂ နာရီကျော်ကြာတယ်လို့လည်း သိရပါတယ်။



[caption id="attachment_18901" align="alignright" width="300" caption="ဦးညိုအုန်း​မြင့်​"][/caption]

ဒါဟာ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လုပ်ဆောင်တော့မယ့် သဘော ဆောင်ပါသလားဆိုတာကို ဆွေးနွေးပွဲတက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။


ငြိမ်းချမ်းရေးစင်တာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးကြတယ်လို့ သိထားပါတယ်။ အဲဒီတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့ သဘောပြောရမလား။

“အားလုံးဒီ ကျနော်တို့ ဒုတိယအဆင့်ဖြစ်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစု ကြည်အပါအ၀င် ပြည်သူ့လွှတ်တော်ဘက်ကရော၊ လူတန်းစားအဖွဲ့တွေအားလုံး၊ ကျနော်တို့ နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်လာမှာ ဖြစ်ပါတယ်။ သမ္မတဆိုရင် လက်ရှိ ကျနော်တို့ ဒီအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာတော့ တပ်ပိုင်ဆိုင်ရာကိစ္စ အစိုးရပိုင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတဲ့အတွက်ကြောင့် ပင်ပင်ပန်းပန်းမှာ ရှိပါတယ်။ အဲဒီအတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါဝင်လာဖို့ကလည်း ပိုရှိမယ်လို့ ကျနော်ထင်တယ်။”

ဒီနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဓိက ဘာများဆွေးနွေးသွားပါသလဲ။

“အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလည်း သူစိတ်ဝင်စားမှု ရှိတယ်။ နောက်တခါ ဒီ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် ဘက်က ဘယ်လို ၀ိုင်းကူပေးဖို့ ရှိမလဲ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ သူအထွေထွေကိုပဲ အဓိက ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ အဓိက လာရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ ပြည်သူ့ လွှတ်တော်နဲ့ အစိုးရ လက်ရှိ ဦးအောင်မင်း ဦးဆောင်ပြီးတော့ ဆောင်ရွက်နေတဲ့ ဒီအပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာလည်း လာပြီးတော့ ဘယ်လို ပံ့ပိုးပေးမလဲဆိုတဲ့ဟာကိုပဲ အဓိက ဦးစားပေးပြီးတော့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက အဲဒါကို အဓိက ဆွေးနွေးသွားတာ တွေ့ရတယ်။”

အစိုးရက လုပ်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ လွှတ်တော်ကလည်း အားပေးတဲ့ သဘောပေါ့။

“ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ်မှာ နိုင်ငံရေးအရပေါ့နော်။ လောလောဆယ် ဆွေးနွေးနေတဲ့အချိန်မှာ အခက်အခဲတွေ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဒီမြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ကြုံတွေ့နေရ တဲ့ အခက်အခဲတွေ ဘယ်လိုဝိုင်းပြီးတော့ ကူညီကြမလဲဆိုတဲ့ အနေအထားကိုပဲ ပြောသွားတာ ဖြစ်ပါတယ်။”

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ ကျနော် မမေးပဲနဲ့ ဖြည့်စွက်ပြောစရာများ ရှိသေးလား။

“၁ အချက်ကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူ့လွှတ်တော်ဘက် ကလည်း ဒီလို စိတ်ဝင်တစားရှိတယ်။ နောက်တခါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရော၊ ဒုဥက္ကဋ္ဌ နှစ်ယောက်စလုံး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ရေးရာကော်မတီဝင်တွေရဲ့ ဥက္ကဋ္ဌတွေ ကိုယ်တိုင် မြန်မာ ငြိမ်းချမ်းရေးစင်တာရဲ့၊ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒီလိုပူးပေါင်းဆောင်ရွက်လာဖို့ ဖြစ်တယ်ဆိုတာ အင်မတန်ကောင်း တယ်ဆိုတာ ကျနော်တို့ ပြောလို့ရပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013