ခေတ်သစ်ဖောင်ဒေးရှင်းက ရိုးမရိပ်သာကိုဗစ်ဆေးရုံကို ရေပူရေအေးစက်အလုံး ၂၀ နှင့် ပစ္စည်းများ လှူဒါန်း

သရုပ်ဆောင်မင်းသမီး ချစ်သုဝေတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းက ရန်ကုန်မြို့၊ ရိုးမရိပ်သာ ကိုဗစ်-၁၉ ဆေးရုံကို ရေပူရေအေးစက်အလုံး ၂၀ နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။ ဒါဟာ ဖောင်ဒေးရှင်းအနေနဲ့ တကျော့ပြန် ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ ကျန်းမာရေး ဆိုင်ရာဝန်ထမ်းတွေရဲ့ ဝန်ကို တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်မှု တစိတ်တပိုင်းအနေနဲ့ လှူဒါန်းနေတာ ဖြစ်ပါတယ်။        ဒီလှူဒါန်းမှုမှာတော့ ရေပူရေအေးစက်အလုံး ၂၀ အပြင် တခြားလိုအပ်တဲ့ အဝတ် လျှော်စက်ခုံ ၃၀၊ မီးပူ ၄ လုံး၊ Extension Board ၄၀ ခု၊ မီးပူ Stand ၄ ခုံလည်း ပါဝင်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ်စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာနေခဲ့ပြီး သိပ်မကြာခင်ကလည်း ရန်ကုန်ဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေ ထားရှိဖို့ Tent တလုံးစာ သိန်း ၂၀၀ ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကနဦး အလှူအနေနဲ့ လှူဒါန်းခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up